Saturday, May 7, 2011

တမ်းတမ်းတတ ရင်ခွင်ဟောင်း


`တစ်နေ့က ကျွန်တော့်လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတယောက်နဲ့ ကျွန်တော်, ကျွန်တော်တို့ အလုပ်ခွင် tea break မှာ စကားစမြည်ပြောဖြစ့်ကြတယ်..Add Image

ကျွန်တော်က လာမဲ့အားလပ်၇က်မှာ မြန်မာနိင်ငံက ကျွန်တော့်အဖေ နဲ့ ကျွန်တော့် မမကို တကန်တက သွားတွေ့မည်ဖြစ်ကြောင်း၊

ကျွန်တော့်အဖေက အသက် ၇၀ ကျော်ပြီဖြစ်ကြောင်း, ဒါကြောင့် အဖေ အသက်ထင်၇ှား၇ှိတုန်း, ကျွန်တော်လည်းမသေခင် ကျွန်တော့်အဖေနဲ့ကျွန်တော့် မမ ကို

မေတ္တာဓာတ် အနွေးဓာတ်တွေပေးချင်ကြောင်း ပြောပြပြီး

သူငယ်ချင်းကော ဘယ်တော့လောက် သူငယ်ချင်းမိဘတွေကို သွားတွေ့မလဲ ပေါ့ ကျွန်တော်မေးမိပါတယ်(သူ့မိဘများကလည်း နှစ်ဦးစလုံး အသက် ၇၀ ကျော်ပါပြိ)


အဲဒိမှာတင် သူ့ရဲ့ စကားလုံး ကောက်ချက်တွေကြောင့် ကျွန်တော် တအံ့တသြဖြစ်ခဲ့၇တယ်

ကျွန်တော့်ကို အံ့အားသင့်စေခဲ့သော သ.ူ့ စကားလုံးများကတော့,,,,

" ခင်ဗျားတို့တွေ အဲဒါခက်တာပေါ့ဗျာ ပညတ်နဲ့ပ၇မတ် ဘယ်ဟာ အေ၇းကြိးတယ်မသိသေး ၊ဘယ်ဟာကို တန်ဖိုးထား ကျင့်သုံး၇မှန်းလည်း မသိသေး၊ ဒီလိုသာသံယောဇဉ်တွေနဲ့ချည်နှောင် ၇စ်ပတ်နေ၇င်

ဘယ်သူမှ ဒိဘ၀မှာ တ၇ား၇ကြတော့မှာမဟုတ်ဘူး " တဲ့.....

ကျွန်တော့်၇င်ထဲမှာ သူ.ကို ပြန်ပြောမိနေတာက (သူ့ကို ထုတ်ပြော၇င် သူဟာဒိအချိန်မှာ သူ့ကိုယ်သူ ပြောသမျှ အမှန်လို့ ထင်နေတာကြောင့် တကြောင်း ) (တ၇ားပြဆ၇ာ အချိန်ပိုင်းကုသိုလ်ဖြစ်လုပ်နေတာကတကြောင်း ) မို့ပါ..

ပညတ်ဆိုတာကလည်း အမည်နာမတွေနဲ့ မှန်ကန်နေတဲ့ သမုတိသစ္စာ (လောက သစ္စာ) ..

ပ၇မတ်ဆိုတာကလည်း မဖောက်မပြန်အမြဲတမ်းမှန်ကန်နေတဲ့ အ၇ှိကိုအ၇ှိတိုင်းမှန်ကန်နေတဲ့ ဘယ်တော့မှမပြောင်းလဲတဲ့ အမှန်တ၇ား ပ၇မတ္ထသစ္စာ (လောကုတ္တ၇ာ သစ္စာ) ။ ဥပမာ။ လောကမှာ ၇ှိ၇ှိသမျှ အ၇ာအားလုံးဟာ ပထ၀ီ ၊အာပေါ ၊တေဇော ၊၀ါယော ဆိုတဲ့ ဓာတ်ကြီးလေးပါး နဲ့သာလျှင် ဖွဲ့စည်းတည်ဆောက်ထားတာမျိုးပါ။

သို့ပေတဲ့ လူ့လောကမှာ ပညတ်နဲ့ ပ၇မတ်ကိုေ၇ာလို့ကလည်းမဖြစ်ပေဘူး။ ဥပမာ …မိန်းကလေးတယောက်၇ဲ့ပါးကိုနမ်းတာ ပရမတ္ထ ကိုနမ်းတာပါလို့ ဆင်ခြေပေး၇င် ပါး၇ိုက်ခံ၇ဖို့ပဲ၇ှိပါတယ်။

ဒိပ၇မတ် အေ၇းကြီးတာကြောင့်မို့လို့ လည်း လောကမှာ အမေနဲ့သမီး ဟာ ဓာတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာမှန်ပေမဲ့ ဖခင်တယောက်နဲ. လင်ယောက်ျား ဆက်ဆံပုံနည်း ပ၇ိယာယ်ကွဲပြားသွား၇တာပါ ..(်၇ှင်း၇င်း ၇ှင်း၇င်းနဲ့၇ှူပ်သွားလားမသိနော်)

သို့ပေတဲ့ ကျွန်တော်နားလည်ခံစားမိတာက လောကီမှာနေ၇င်း လူပီသချင်၇င် လူသားကျင့်ဝတ်တွေကို ပစ်ပယ်ထားလို့မ၇ပါဘူး။

ကျွန်တော်တတ်နိင်သလောက်ေ၇ကုန်ေ၇ခမ်း အစွမ်းကုန် ထမ်းဆောင်လိုပါတယ်။

မြတ်စွာဘု၇ားသခင်ကလည်း လောကီဘုံမှာနေ၇င် ဘယ်လိုကျင့်ဝတ်တွေကျင့်ကြံ၇ကြောင်းကို သိင်္ဂါလောဝါဒ သုတ်မှာ ၊ ဘယ်လိုမင်္ဂလာ၇ှိအောင်နေထိုင်၇ကြောင်းကို မင်္ဂလသုတ်မှာ ကောင်းစွာဟောပြဆုံးမတော်မူခဲ့ပါတယ်။

သားသမိးကျင့်ဝတ် မိဘ၀တ် တပည့်ဝတ် ဆ၇ာ့ဝတ် အစ၇ှိသည်ဖြင့်လိုက်နာဖွယ်၇ာအဖြာဖြာကို သိင်္ဂါလောဝါဒသုတ်မှာ ဆုံးမတော်မူခဲ့သလို လောကီေ၇း၇ာအောင်မြင်ကြောင်း နည်းလမ်း ၃၈ ဖြာကိုလည်း မင်္ဂလသုတ်မှာ သွန်သင်တော်မူခဲ့ပါတယ်။

ဒါကြောင့်မို့လည်း ကျွန်တော် အသက်၇ှင်နေသေးသေ၇ွ့ ကျွန်တော့်ကျေးဇူး၇ှင် ဖခင် အသက်ထင်၇ှား၇ှိတုန်း (ကျေးဇူး၇ှင်မိခင်ကတော့ ဆုံးပါးသွားခဲ့ပါပြီ) မြတ်စွာဘု၇ား ဆုံးမတဲ့ သားသမီးကျင့်ဝတ် နည်းလမ်းများနဲ့အတူ ကျွန်တော့်နည်း ကျွန်တော့် ဟန်လေးတွေနဲ့ ကျွန်တော့်ဖခင်ကို ကျေးဇူးဆပ်၇င်း ကျွန်တော့်ရဲ့မေတ္တာတွေကို ပြသလိုပါတယ် ပြသလျှက် ၇ှိပါတယ်.......

နောင်မ၇ှိတော့မှ တမ်းတလွမ်းဆွတ်မူတွေနဲ့အတူ နောင်တမ၇ချင်ပါဘူး ..ကျွန်တော့်ဝန် ကျွန်တော့်အားတွေနဲ့ အဖေ့ကွို(အစွမ်းကုန်) ချစ်ပြနိင်ခဲ့ ကျေးဇူးဆပ်နိင်ခဲ့တယ်ဆို၇င်ပဲ ..ကျွန်တော်တို့နှစ်ဦး၇ဲ့ (အဖေ နဲ့သား) သေခြင်းတ၇ား၇ဲ့လမ်းခွဲမူအောက်မှာ ပူလောင်ပူဆွေးမနေဘဲ အေးချမ်းစွာ လွတ်လပ်စွာ တည်ငြိမ်စွာ နူတ်ဆက်လိုပါတယ်..

ကျွန်တော်ကြားဖူးမှတ်သားဖူးပါတယ်..အာမိသပူဇာ (ပစ္စည်းဖြင့်ပူဇော်ခြင်း) ထက် ဓမ္မပူဇာ (တ၇ားတော်ဖြင့်ပူဇော်ခြင်း) က ပိုမိုမြင့်မြတ်အကျိုး၇ှိတယ်ဆိုတာကိုပါ..

ကျွန်တော် အဖေနဲ့ခွဲပြီး စင်ကာပူေ၇ာက်မှ သိလာ၇တဲ့ (ကျေးဇူး၇ှင် ဆ၇ာတော်များ ၊ဓမ္မစာပေများမှ)တ၇ားဓမ္မတွေကို တပါတ်တခါ တော့အနည်းဆုံး ဖုန်းဆက်ဆွေးနွေးဖြစ်ကြပါတယ် ..၇ိပ်သာမှာ အဖေတ၇ားထိုင်ဖို့အားပေးတိုက်တွန်းခဲ့သလိုေ၇ာက်အောင်လည်းပို့ပေးနိင်ခဲ့ပါတယ်..

ဒါပေမဲ့ ကျွန်တော်အားမ၇သေးဘူး... မေ၇ာင့်၇ဲနိင်သေးဘူး ,

အဖေ့ဘေးနားထိုင်ေ၇နွေးကြမ်းသောက်၇င်း အညာလေ၇ှူ၇င်း တမာ၇နံ့တွေကြားမှာ အဖေ့မျက်နှာတ၀ကြီး အား ၇ပါး၇ကြည့်၇င်း စကားတွေတလှေကြိးပြောချင်သေးတယ်...

အဖေနဲ့တ၇ားအကြောင်းတွေဆွေးနွေး၇င်း အဖေ့ကို ၇င်.ကျက်တည်ငြိမ်တဲ့ ၇သတွေပေးချင်သလို

အဖေ့ငယ်ဘ၀ အကြောင်းတွေကိုတမ်းတပြောဆို၇င်း ၀င်းလက်တောက်ပနေတဲ့ (ငယ်စိတ်တွေပြန်လည်ခိုအောင်းလာတဲ့) အဖေ့မျက်ဝန်းတစုံကို ကျွန်တော် တအားကြည့်ချင်သေးတယ်...

အဖေငယ်ငယ်က ဘယ်လိုကွ....ဟိုလိုသား၇ဲ့ ဆိုပြီး မိသားစုကောင်းကျိုး အများကောင်းကျိုးတွေကို အားတက်သေ၇ာလုပ်ခဲ့တဲ့ အဖေ၇ဲ့အားမာန်ပါပါ စကားသံတွေကိုလည်း ကျွန်တော် တမ်းတမ်းတတကြားချင်တယ်....

အဖေ့ကို ကျွန်တော်ချစ်တယ်... အဖေ့ကို သားကြိး လွမ်းခဲ့၇တာပြောပြီး, ကျွန်တော်ချစ်တာတွေကိုပြောပြိပြီးကျွန်တော့်မေတ္တာ့၇နံ့တွေနဲ့ အဖေ့နှလုံးသားကို ပိုမို နွေးထွေးနူးညံ့သိမ်မွေ့စေချင်တယ်,

အဖေ့၇ဲ့မကုန်ခမ်းနိင်သော ကျေးဇူးတွေကိုဆပ်ချင်နေသေးတယ်..

အဖေ တ၇ားထူးတ၇ားမြတ်တွေ့ဖို့ ကျွန်တော် ပံ့ပိုးပေးနေချင်သေးတယ်။။။

အဖေ. နောက်ဘ၀ ၇ိက္ခာအတွက် လှူနိင်တန်းနိင်အောင် ကျွန်တော် ပါ၇မီဖြည့်ပေးနေချင်သေးတယ်။

ဒါကိုမှ ကျွန်တော့်ကို ပညတ်နဲ့ ပ၇မတ်တွေ ဘာအေ၇းကြီးလဲဆိုတာကို ကွဲကွဲပြားပြား တန်ဖိုးထားမဆက်ဆံတတ်ဖုးလို့ ကျွန်တော့်ကို ဝေဖန်၇င်လည်း ကျွန်တော်၇ဲ၇ဲကြီးခံဝံ့ပါတယ်အဖေ....

ကျွန်တော်စင်ကာပူ မှာနေ၇င်း လမ်းသွားတုန်း တစ်၇ှူးထုပ်တွေေ၇ာင်းနေတဲ့ အဘိုးအို အဘွားအိုတွေတွေ့၇င် ..အဖော်မပါ တစ်ကိုယ်တည်း တုန်ချိတုန်ချိ သွားနေတဲ့ အဘိုးအဘွားတွေတွေ့၇င် ,,,,,,ကျွန်တော်မျက်၇ည်တွေဝိုင်းလာတတ်ပါတယ်..ကျွန်တော်နိင်သလောက်လည်း လှူဖြစ်ပါတယ်....

ကျွန်တော်လေ..ကျွန်တော့် အဖေနဲ့ ကျွန်တော့်ကျေးဇူး၇ှင်ဆ၇ာ များကို လွမ်းဆွတ်မိပါတယ်..ကျွန်တော့်အဖေနဲ့ကျွန်တော်အဆက်သွယ်မပြတ်တော့ အဖေဘယ်သို့ဘယ်ပုံ နေထိုင်တယ်ဆိုတယ် သိလို့ စိတ်အေး၇ပေမဲ့

ကျွန်တော့် ဆ၇ာများအကြောင်းကျွန်တော် အတွေးချဲ့ခဲ.မိပါတယ်..ဆ၇ာကြိးတို့ ဆ၇ာမကြီးတို့ နေသာထိုင်သာမှ၇ှိကြ၇ဲ့လား သားသမီး အစောင့်အေ၇ှာက်များမှခံကြ၇၇ဲ့လားဆိုပြီးပူပင်မိတာအမှန်ပါ....

ကျွန်တော်ဟာ အနန္တောအနန္တငါးပါးဂိုဏ်းဝင်ဖြစ်တဲ့ ကျွန်တော့်ဆ၇ာသမားများ၇ဲ့ ကျေးဇူးကိုလည်းကျွန်တော်မမေ့မလျော့ဆပ်လိုပါသေးတယ်.....

ဆ၇ာတို့၇ဲ့ သင်ကြား နည်းပေးလမ်းပြမူကြောင့်သာလျှင် တပါးနိင်ငံမှာ မျက်နှာမငယ်၇တာကို ပြောပြချင်ပါတယ်..

ဆ၇ာတို့ဟာ ကျွန်တော်တို့၇ဲ့ ပန်းပု ဆ၇ာကောင်းတွေဖြစ်တယ်ဆိုတာကိုလည်း ၇ဲ၇ဲဝံ့ဝံ့ ပြောပြချင်ပါတယ်

ဆ၇ာတို့ဟာ မိမိ မိသားစု အကျိုး နိင်ငံအကျိုးကို ထမ်းဆောင်နိင်သော သူများကို မွေးထုတ်နိင်ခဲ့ပါတယ်ဆိုတာကို ပြောပြ၇င်း ဆ၇ာတို့ဟာလောကကို ကောင်းကျိုးပြူသော မီး၇ှူး တန်ဆောင် များဖြစ်ခဲ့တယ်ဆိုတာကို လည်း ဂုဏ်ယူစေလိုပါတယ်....

ဆ၇ာတို့ အသက်တွေကြိးလာနေပေမဲ့ ကျွန်တော်တို့နဲ့ဝေးကွာနေပေမဲ့ ကျွန်တော်တို့ နှလုံးသားထဲမှာ ၇ှိနေသေးတယ်ဆိုတာကို ထင်ထင်၇ှား၇ှားသိစေချင်ပါတယ်....

ဒါကြောင့်လည်း ကျွန်တော်ဟာ ဆ၇ာကန်တော့ပွဲကို နှစ်စဉ် စင်ကာပူဘက်ကနေပြီး အင်တိုက်အားတိုက် တိုက်တိုက်တွန်းတွန်း ဆောင်၇ွက်ပေးနေတာပါ ..ကိုယ်တိုင် တိုက်တွန်း ရင်း စိတ်တူ သူငယ်ချင်းများ တိုးလာစေဖို့ပါ..

ကျွန်တော်စဉ်းစာ့းကြည့်မိပါသေးတယ်... ဒိလို တပည့်က ဆ၇ာကို တန်ဖိုးထား ။ သားသမိးက မိဘကို တန်ဖိုးထားတာတွေဟာ ကျွန်တော်တို့မြန်မာနိင်ငံမှာ သာ အထင်က၇ တွေ့မြင်၇တာပါ..

ကျွန်တော့်တို့၇ဲ့ ချစ်စ၇ာကောင်းသော ယဉ်ကျေူးမူလေးပါ ..ကျွန်တော်တို့၇ဲ့ young generation တွေဆက်လက် အတူယူ သယ်ဆောင်သွားစေချင်ပါတယိ..ကမ္ဘာတည်သေ၇ွ့ပါ...ဒါကြောင်.လည်း

အနန္တဂိုဏ်းဝင် ၊ ကျေးဇူး၇ှင်များ ဖြစ်ကြကုန်သော ဆ၇ာ ၊ဆ၇ာမကြီးများကို ၊သြကာသံ ဒေထ ၊မြန်မာဓလေ့ ၊သိမ်မွေ့လှစွာ ၊စဉ်အလာကို လိုက်နာ သောအားဖြင့် ၊၇ှိခိုး ပူဇော်ခွင့်ကို ၊ပေးသနား ကြပါ၇န်တောင်းပန်အပ်ပါသည်ခင်ဗျား။

ဆ၇ာ ဆ၇ာမကြီးများသည် ကျွန်တော် ကျွန်မတို့၏ ဘ၀ တန်ဆောင် ၊ဆီမီးေ၇ာင်ကို ၊ထွန်းပြောင် စေနိင်သည့် စာပေပညာ နှင့်ယဉ်ကျေးဖွယ်၇ာ ၊အဖြာဖြာ တို့ကို တုပ်ကွပုဆစ် ဆ၇ာစစ်၌ ၊ကြောက်ချစ်၇ိုသေ ၊လုပ်ကျွေးထွေဖြင့် ၊စာပေတတ်ကြောင်း ၊တချောင်းချောင်းလျှင် ၊ခြိမ်းမောင်းသည်းခံ ၊ဆ၇ာ့ထံ၌ ၊သင်အံ့ကျက်လေ့ ၊တနေ့တပါး မှတ်သားလေလေ၊ ၀မ်းထဲခွေ၌ ၊သင်ယူ စေခဲ့ကြသဖြင့် ၊ကျွန်တော် ကျွန်မတို့သည် ၊လူ့လောကအလယ်တွင် တင့်တယ်ထွန်းပေါက် ၊လူလားမြောက်ခဲ့ကြပါပြီ ၊ဘ၀ဆီမီး ထိန်ထိန်ညီးခြဲ့ကပါပြီ။

ဆ၇ာ ဆ၇ာမကြီးတို့၏လွန်စွာကြီးမား ၊ကျေးဇူးတ၇ား များကို၊ နှလုံးသားတွင် ၊ထာဝစဉ် စွဲမှတ် တံဆိပ်ခတ်ခဲ့ကြသည့် တပည့်အပေါင်းတို့က ဆ၇ာသခင်ကျေူးဇူး၇ှင်တို့ကို မြတ်နိုးဘွယ်၇ာ ၀တ္ထုပစ္စည်းအဖြာဖြာတို့ဖြင့်ပူဇော်ခြင်း တည်းဟူသော အာမိသ ပူဇာ ၊ဆ၇ာတို့၏ ၊လေးနက်လှစွာ ၊သြ၀ါဒ အဖြာဖြာတို့ကို ၊လေးစားလိုက်နာ ခြင်းတည်းဟုသော ဓမ္မပူဇာ ၊ထိုနှစ်ဖြာတို့ဖြင့် ၊ပစ္စက္ခ သံသ၇ာ နှစ်ဖြာ ကောင်းကျိုး ၊ပွားတိုးစည်ပင် စေခြင်းငှာလည်းကောင်း ၊ဆ၇ာသခင် ကျေးဇူး၇ှင်တို့ အပေါ်၌၊တစိုးတစိ ၊ပြစ်မှား မိသည့် အပြစ်များ ၇ှိခဲ့သော်၊ ပိန်းကြာဖက်တွင် ၊ေ၇မတင်ဘဲ ၊ကင်းစင်လွင့်ပျောက် ဘိသို့၊ ကင်းပျောက်ပါစေခြင်းငှာ လည်းကောင်း၊ ၇ိုသေ လေးမြတ် ၊သဒ္ဓါ ဓာတ်ဖြင့် ၊တုပ်ကွ ၇ိုကျူိး ၊လက်စုံမိုး၍၊၇ှိခိုးပူဇော် ကြပါကုန်သည် ခင်ဗျား။

ချစ်ခြင်းဖြင်.

ကိုကြီးပေါက်စ ( စလေ )

No comments:

Post a Comment