Saturday, May 7, 2011

အလွမ်းမပြေ ချစ်တဲ့အညာမြေ ( ၃ )


ကိုယ်တို့စလေ မြို့ပေါ်မှာ၇ှိတဲ့ ၇ပ်ကွက်ပေါင်းစုံက ကျင်းပတဲ့ဗုဒ္ဓပူဇနိယပွဲတော် တွေထဲမှာတော့ ..မြို့မ ၇ပ်ကွက် မှာ၇ှိတဲ့ ..မဟာအဘယ ဘု၇ားပွဲက အစည်ကားဆုံး နဲ့ကျင်းပတဲ့၇က်လည်း အကြာဆုံး ပွဲတစ်ပွဲပါ ..ဒီဘု၇ားပွဲက မြန်မာတစ်နိင်ငံ လုံးမှာ၇ှိတဲ့ တစ်ဆယ့်နှစ်လ၇ာသီအလိုက် ကျင်းပတဲ့ …ဘိုလို်ပြော၇၇င်တော့ ဂေဇက်တက် (gazette) ဘု၇ားပွဲ များထဲမှတစ်ပွဲ အပါအ၀င် ဆိုတော့ …၇က်၇ှည် ကြာအောင် ၀ှဲချီး ကျင်းပကြ၇တယ်လေ ..ကိုယ်တို့ငယ်ငယ်..(မူလတန်း ကျောင်းသားအ၇ွယ်လောက်) က ဆို၇င် ..ကျောင်းမတက်ခင်နဲ့ကျောင်းဆင်းပြီးချိန်တွေမှာ ….ဘု၇ားပွဲကျင်းပတဲ့ ကွင်းပြင်ကျယ်ကြီးထဲက အ၇ုပ်ဆိုင်တွေ ဆီလျှောက်သွားကြတာပေါ...၇ုပ်၇ှင် တစ်လှည့် ဇာတ်ကြီးတစ်လှည့် (ဇာတ်ကြီးဆိုတာကေ၇ှ့ပိုင်းပြဇာတ် …နှစ်ပါးခွင်နဲ့ နောက်ပိုင်း ..ဗုဒ္ဓ၀င် ဇာတ်တော် ကြီးတွေကိုမိုးအလင်း က, ပြ တဲ့ ဇာတ်ကိုခေါ်တာပေါ့ ) ၇ုံသွင်း က, ပြတဲ့ ဦးဖိုးတူ၇ုံထဲလည်းေ၇ာက်၇ဲ့ ….အဲဒီနောက်… ..ကိုယ်တို့ သူငယ်ချင်းတစ်စု…လွယ်အိတ် စလွယ်သိုင်းနဲ ပွဲဈေးတန်း တစ်လျှောက် ..ဟိုး ….ဧ၇ာဝတီမြစ်သောင်ပြင်ေ၇စပ်အထိ..ခင်းကျင်းေ၇ာင်းချကြတဲ့ ..စဉ့်အိုးဆိုင်ကြီးတွေ ..ေ၇အိုး …မြေအိုး ..ဆိုင်တွေထိ…လတ်လျားလတ်လျား… ထိုထို ထိုထိုလျှောက်သွားကြတာပေါ့….အဲဒီဆိုင်တွေမှာ ..ကလေးတွေ ကြိုက်တတ်တဲ့ ..စဉ့်နဲ့လုပ်ထားတဲ့အိုးပုတ်..ချိုး၇ုပ် တွေက လည်း တောင်ပုံယာပုံ ၇ှိနေကြသလို…မြစ်ကမ်းစပ်ထဲ သဲသောင် စွန်းမှာ လည်း စဉ့်အိုး မြေအိုးတွေတင်လာတဲ့ ၀ါးဖောင် တွေကလည်း တစ်မျှော် တစ်ခေါ် ၇ှိနေကြလေ၇ဲ့ပေါ့….

ဒီစဉ့်အိုးမြေအိုး …ဖောင်တွေက …လူကြီးတွေ ပြောစကားအ၇ ..အထက်အညာ..ပုဂံ ညောင်ဦးက ..အာနန္ဒာ ဘု၇ားပွဲအပြီးမှာ ..စလေ ပြာသိုဘု၇ားပွဲ (မဟာ အဘယ ဘု၇ားပွဲ) ဆီကို ဧ၇ာဝတီမြစ် အတိုင်းစုံဆင်းလာကြတာဆိုဘဲ….စလေ ဘု၇ားပွဲမှာ တလ ကိုးသီတင်းကြာအောင်ေ၇ာင်းချကြပြီး …အဲဒီက ..တစ်ခါ ..စလေ၇ဲ့ အောက်ဖက်နည်းနည်း ( ၁၀ မိုင်လောက်တော့ ၇ှိမယ်တူ၇ဲ့ ) ဝေးတဲ့ ..စလေ၇ဲ့ တောင်ဖက်မှာ ၇ှိတဲ့ ပခန်းငယ်မြို့လေးက ၇ှင်ပင်သေခဲလှ ဘု၇ားပွဲကို ဧ၇ာဝတီမြစ်၇ိုးအတိုင်းဝါးဖောင်တွေနဲ့ စုန်ဆင်းကြပြန်ေ၇ာ …အ၇ုပ်ဆိုင် ..ပုဂံ ခွက်ယောက်ဆိုင် ..အထည်ဆိုင်…မုံ့သိုင်းခြူံဆိုင် ..ငါးပိငါးခြောက်ဆိုင် ..အလှကုန်ပစ္စည်းဆိုင်..ဓါတ်ပုံဆိုင် ..သံသတ္တု ဆိုင် ( ဒီဆိုင်ကတော့ ကတ်ကျေး ..ဒါး ..သံတူ၇ွင်း ..ထယ် စသည်ဖြင့်..လယ်ယာ လုပ်ငန်းသုံး သံထည်ကိ၇ိယာ တွေေ၇ာင်းတဲ့ဆိုင်ပေါ့) ကိုယ်တို့မြို့ရဲ့. .မြစ်အနောက်ဘက် တညောင်ဆိုတာက ..အဲဒီသံထည်လုပ်ငန်း နာမည်ကြီးတဲ့နေ၇ာပေါ့….အဲဒီနောက် ဖျာဆိုင် (သင်ဖျူးဖြာ ..နှီးကြောဖျာ …ထန်းခေါက်ဖျာ..စသည်ဖြင့်ပေါ့….) ..နောက်..တောင်းပုလုံးဆိုင် ….(တင်းတောင်း ..စလယ်တောင်း..ပြည်တောင်း ..) အဲ .. …တောင်းပုလုံး ဆိုလို့ ..ခုမှမျက်စိထဲ မြင်ယောင်မိတယ်….ပုတ်ေ၇ာင်းတဲ့ ဆိုင်လည်း ၇ှိ၇ဲ့ ….ဒီပုတ်ဆိုတာက..တောင်ယာသမားများ ..ပဲ..၀ါ..ဆေး၇ွက်ကျြီး ..ငြူပ်…ကြက်သွန် ..စတာတွေကို ..တောင်ယာသိမ်းတဲ့ အခါ ..ဒီပုတ်ထဲမှာထည့်ပြီး နှစ်လုံးပေါက် ..လှောင်ထား..သိမ်းထား၇တာပေါ့…အညာသူ အ ညာသားများပြောတတ်တဲ့ လက်သုံးစကား တစ်ခုမှတ်မိသေးတယ်…..

“ဒီပုတ် ထဲက ဒီပဲ ..ဘာထူးမှာလဲ ..” ဆိုတာလေ … ပုတ်ထဲမှာ အတူတူထည့်ထားတဲ့ပဲ အချင်းချင်း .အတူတူပဲပေါ့လေ …လူတစ်ဦးနဲ့တစ်ဦး အကျင့်စရိုက်ချင်းကို နိုင်းယှဉ်ပြောချင်တဲ့အခါ ..ပုတ်တခု ထဲ က ပဲအချင်းချင်း နိုင်းသလို …ခိုင်း်နိုင်းပြောတဲ့စကားပေါ.့ ..အဲဒီပုတ်ကို ၀ါးကြောနဲ့၇က်လုပ်၇တာလေ …….ပုတ်တစ်လုံးရဲ့အရွယ်အစားကိုခြင်တွယ်တဲ့ တင်းတောင်းပေါ်မူတည်ပြီး ငါးတင်းဝင်..ဆယ်တင်းဝင် စသည်ဖြင့် ..အ၇ွယ်အစားးကွာတာပေါ့ …မှတ်မိသေးတယ် …မနက်ဝေလီဝေလင်း ..အမေ့ကိုဈေးကူခင်း ဘို့ ..အမေနဲ့ဈေးကိုသွား၇င်… …ပုတ်ကြီးတွေကို ..ထမ်းပိုးနဲ့ေ၇ှ့တစ်လုံး နောက်တစ်လုံး ထမ်းပြီး ပွဲဈေးဘက်သွားနေကြတဲ့…ပုတ်ေ၇ာင်းတဲ့သူတွေကို လမ်းမှာ ..မကြာခဏတွေ့ခဲ့ဘူးတယ် …

ငယ်ငယ်တုန်းကကြားခဲ့ဖူးတာ…တစ်ခါက ၇ွာတစ်၇ွာမှာ..ပုတ်ေ၇ာင်းတဲ့ သူတစ်ယောက်၇ှိတယ် တဲ့…တနေ့မှာ မြို့ပေါ် ကဘု၇ားပွဲကို ပုတ်ေ၇ာင်းဘို့၇ာ..ဇနိး သည်က သူ့ယောင်္ကျား ကို လွှတ်လိုက်သတဲ့…ယောင်္ကျားလုပ်သူက တစ်ခါမှ အဲဒီမြို့ကိုမေ၇ာက်ဖူးဘူးတဲ့..ဒီတော့ကာ..ဇနီးဖြစ်သူ မှာ လိုက်ပုံက ..ဒီပုတ်ကြီးကိုေ၇ှ့ကထား …အဲဒီပုတ်ကြီးသွားတဲ့အတိုင်းနောက်က လိုက်သွား ..ဘု၇ားပွဲကိုေ၇ာက်လိမ့်မယ်ဆိုပြီးမှာလိုက်သတဲ့…..ေ၇ှ့ခေတ်တုန်းက ခုခေတ်လို ..မော်တော်ကားတွေ …မီး၇ထားတွေနဲ့..ကူးသန်းသွားလာေ၇းမတွင်ကျယ်သေးတော့ ခြေကျင်ခ၇ီးကိုဘဲ ညအိပ်ညနေ သွားကြ၇တာပေါ့..အဲဒါနဲ့ပုတ်ေ၇ာင်းတဲ့ယောကျားင်္လည်း ဇနီးဖြစ်သူမှာလိုက်တဲ့အတိုင်း…ပုတ်အကြီးကို..ထမ်းပိုးေ၇ှ့မှာထား ..ပုတ်အငယ်ကို ထမ်းပိုးနောက်မှာချိတိပြီး ဘု၇ားပွဲကျင်း်ပတဲ့ မြို့ကို.. လာလိုက်တာ …လမ်းတ၀က်ေ၇ာက်တော့ အမောအပန်းဖြေဖို့…ပုတ်အထမ်းကြီးကို လမ်းနဲ့မလွတ်မကမ်းမှာ ချပြီး..အပန်းဖြေ၇င်းနဲ့ အိပ်ပျော်သွားသတဲ့…နိုးလာတဲ့အခါ ဇနီးမယား မှာတဲ့အတိုင်း ပုတ်အငယ်ကိုနောက်မှာထား ..ပုတ်အကြီးကိုေ၇ှ့မှာထမ်းပြီး လာလိုက်တာ …..နေ၀င်မိုးချူပ်..မီးခွက်ထွန်းချိန်လောက်မှာ..မြို့ထဲကို ၀င်နိင်ခဲ့သတဲ့ ..အိမ်တစ်အိမ်ေ၇ှ့ေ၇ာက်တော့ .သူကစဉ်းစားသတဲ့…အင်း ဒီမြို့ကို ငါေ၇ာက်ဖူးသလိုလိုပဲပေါ့ ….ဒီအိမ်ကိုလည်းငါ သိသလို လို ပဲတဲ့….အင်းမဖြစ်ချေဘူး..ဘု၇ားပွဲ ဘယ်နား ၇ှိတယ်ဆိုတာ အိမ်၇ှင်ကိုမေးအုန်းမှဘဲ ဆိုပြီး ..” အိမ်၇ှင်တို့ အိမ်၇ှင်တို့ “ လို့ ခေါ်လိုက်တဲ့အခါ …ဇနီးလုပ်သူကပြုံး စိစိနဲ့ ..အိမ်ဝမှာ ထွက်လာသတဲ့…ဒါတောင်မှ ဒင်းက ထပ်စဉ်းစား လိုက်သေးသတဲ့ ..ဒီမိန်းမကို လည်းငါ မြင်ဘူးသလိုလို ဘဲ ..ဆိုပါလား ….နောက်မှ ..သူ့မိန်းမက ..”တော် ..ဒီလောက် တောင် အ,၇သလား “ပြောမှ ကိုယ့်အိမ်ကို ကိုယ် ပြန်ေ၇ာက်တာ ကိုသိသွားသတဲ့…အဲဒါကြောင့် ..အလုပ်တစ်ခုကို အသေအချာ စစ်ဆေးမေးမြန်း စုံစမ်းပြီး မလုပ်ဘဲ .နမော်နမဲ့ လုပ်တဲ့ သူကို“ေ၇ွှဆံတော် ဘု၇ား ..ပုတ်ေ၇ာင်းသွားသလို” မလုပ်ကြနဲ့ ဆိုတဲ့ စကားပေါ်လာခဲ့တယ်ဆိုပဲ…..

ကိုယ့်စိတ်ထဲမှာ..ပုတ်နဲ့ပါတ်သက်တဲ့ ..ဟာသဇာတ်လမ်းလေး တစ်ခု ပြန်သတိ၇လာလို့ မှတ်မိသလောက် ဖောက်သည်ချပြောမိတာပါ….တကယ်တော့ လူ့ဘ၀မှာ ဒီလို အဖြစ်တွေကလည်း မ၇ှိဘူးလို့မဆိုနိင်ဘူးလေ…ဘာတဲ့..စကားအဆိုတစ်ခုတောင်၇ှိသေး …သူ့ဖြစ်၇ပ်နဲ့ခပ်ဆင်ဆင် …”လှေနံဓါးထစ် “ ဆိုတာမျိုး…”အမေ မှာတဲ့ ဆန်တစ်ခွဲ ..သုံးစိတ်နဲ့ မလဲ “ ဆိုလား ..အဲ့လို ..အဲ့လို …

ပစ္စည်းတွေကိုေ၇ာင်းတဲ့ဆိုင်တွေ(ပုတ်ေ၇ာင်းတဲ့ဆိုင်က လွဲလို့ပေါ့) ကတော့ နွားလှည်းတစ်တန်..မော်တော်ကားကြီးများနဲ့တစ်တန်…နောက်ဘု၇ားပွဲကျင်းပ၇ာ မြို့ကိုသွားကြ၇တာပေါ့ ….ကိုယ်တို့ငယ်ငယ်တုန်းကလို..ငယ်ငယ်ဆိုလို့…၁၉၆၅ ပါတ်ဝန်းကျင် လောက်ကပေါ့ ….ကား..မော်တော်ကား ဆိုလို့ မှတ်မှတ်၇၇ မှတ်မိနေတာက (ကိုယ့်မှတ်မှတ်၇၇ တွေက တော်တော်များ များနေပြီလား ? တကယ်ကလည်းမှတ်မှတ်၇၇ အဖြစ်တွေပဲလေ) ….၅၉၄ ဆိုတဲ့ နံ့ပါတ်နဲ့ စလေ..ချောက်..လိုင်းပြေးးတဲ့ကားတစ်စီး ဘဲ၇ှိ တယ်..ရုပ်၇ှင်၇ုံ ဆိုလို့လည်း …(ပြာသိုဘု၇ားပွဲ ချိန်က လွဲ ၇င်) ၇ုပ်၇ှင်မှန်မှန် ပြတဲ့၇ုံက..မှတ်မှတ်၇၇ (လာပြန်ပြီ နောက် မှတ်မှတ်၇၇ တစ်ခု ..)..ဦးဖိုးတူ ၇ုံတစ်၇ုံဘဲ ၇ှိတယ်….၁၉၇၅ လောက်မှ ဓာတ်မြေသြဇာ စက်၇ုံက လုပ်သားအပန်းဖြေ ခန်းမ ဆိုတာပေါ်လာပြီး နိင်ငံခြားကားတွေ…(ဂျိမ်းစ် ဘွန်း ဇာတ်ကား တွေ …You Only live twice , Thunder ball , An eye for an eye ,the man with the Golden Gun ,နောက်ပြီး War and Peace လိုကားမျိုးတွေ ..စစ်ဘု၇င်ကြီးဂျင်၈စ်ခန့်် ..စသည် စသည် ) အပြများတယ် ….ဦးဖိုးတူ၇ုံ (မြို့ထဲက ၇ုံ) က တော့ …၁၉၇၀ ၀န်းကျင်လောက်မှာမှတ်မိတာ …..အလောင်းတော် ၇ာမ ,မောင်ပေါက်ကျိုင်း မန္တလေး နန်းတွင်းအေ၇းတော်ပုံ …ပြေးမလွတ် (ေ၇ွှဘ) /တူတူညီညီ ၇ီ၇ီပြုံး ပြုံး (ညွှန့်ဝင်း ) ,ငါ့ညီငါ့မြေ ငါ့အမေ (ညွှန့်ဝင်း) ,ချွေးကလေးစို့စို့(မောင်ယဉ်ထွေး , စမ်းစမ်းအေး ) အပါယ်၇တနာ ..ပဉ္စပါပီ …စတဲ့ …မြန်မာဇာတ်ကား တွေဘဲ ပြတဲ့၇ုံ ..ဒီဦးဖိုးတူ ..၇ုပ်၇ှင်ကတော့ စလေမှာ ….ေ၇ှးအကျဆုံး ၇ုပ်၇ှင်၇ုံနဲ့ ..အဲဒီနံပါတ် ၅၉၄ ကားက စလေမှာ ပထမဆုံးလိုင်းကားပေါ့ ..နောက်မှ ၁၉၆၉ -၇၀ စလေ,ပုလဲ ဓာတ်မြေသြဇာ စက်၇ုံ ( UREA FERTILZER FACTORY ) စီမံကိန်း စ, မှ ..မော်တော်ကားဆိုတာ စ,စီးဘူးတာ ..ဆိုပါတော့ …

အဲလိုနဲ့..မဟာ အဘယ ဘု၇ားပွဲ ( ပြာ သိုလ ဘု၇ားပွဲကြီး ) ပြီးတော့ …သူ့နောက်မှ ကျင်းပတာက ..ပြည်ထောင်စုနေ့..ဖေဖော်ဝါ၇ီ (၁၂) မှာ ..စက်၇ုံက ဘု၇ားပွဲ..၇ှင်ပင်ပြသ၁ဒ်လှ ဘု၇ားပွဲပေါ့…သူကလည်းဇာတ်ကြီး တစ်နှစ်..အငြိမ့် တစ်နှစ် တစ်လှည့်စီ ကပြကြပါတယ် ..ဒီတစ်ခေါက်အပြန်မှာ သိခဲ့၇တာက …(၁၂) ၇ာသီပွဲ ကျင်းပတဲ့ မဟာ အဘယ ဘု၇ားပွဲ (ပြာသိုပွဲ) ထက် ..ဒီစက်၇ုံဘု၇ားပွဲကပိုပြီး စည်ကားလာတယ်တဲ့ …ပြာသိုပွဲက အ၇င်တုန်းကလို မစည်တော့ဘူးတဲ့…(၁၂ ပွဲ) ..ဈေးသည်တွေကလည်း အ၇င်ကလို မလာကြတော့ ဘူးတဲ့လေ..ထင်၇တာကတော့ မြို့တိုင်းမှာ ..မီနီမတ်လို အလှကုန် စတိုးဆိုင်တွေ ..စားသောက်စ၇ာ အစုံ၇နိင်တဲ့Restaurant တွေ အနယ်နယ်အ၇ပ်၇ပ်မှာ အလှို အလှို (ခေတ်ကာလ တောင်းဆိုမူကြောင့် ) ပေါ်ပေါက်လာကြတော့ …ဒိ (၁၂) ပွဲက ဆိုင်တွေ ..အ၇င်ကလို .စားသုံးသူ customer မ၇နိင်တာ ..ဈေးကွက်စီးပွားေ၇းအ၇ တွက်ခြေမကိုက်နိင်တာ ..စသည်စသည် တို့ကြောင့် …တဖြေးဖြေး…globalization နဲ့အတူ ..၇ွာဓလေ့ ..တောဓလေ့ ..အငွေ့အသက် တွေလည်းပုံပြင်ဟောင်းထဲမှာကျန်နေ၇စ်ခဲ့၇တော့မယ် နဲ့တူတယ်လေ ….

ဘယ်အ၇ာမဆို…ခေတ်ကာလ ၇ဲ့တောင်းဆိုမူနောက်မှာ ပေါ်ပေါက် လာကြ၇တယ်ဆိုပေမဲ့ ..လက်၇ှိအခြေအနေနဲ့ အံဝင်ခွင်ကျဖြစ်နေသေး၇င် …အခြေအနေအကြောင်းကြောင့် ခေတ်ေ၇စီးကြောင်း နဲ့မလိုက်နိင်သေး၇င်တော့…Globalization ဆိုတာကိုလည်း ..မေ့ချင်ယောင်ဆောင်ထား၇မလိုဘဲလေ…..

ဆက်ရန်…….


ကိုကြီးပေါက်စ ( စလေ )

No comments:

Post a Comment