Saturday, May 7, 2011

အလွမ်းမပြေ ချစ်တဲ့အညာမြေ (၂ )


ချောက် -ကားဂိတ်ေ၇ာက်တော့ အတူပါလာတဲ့ ခ၇ီးသည်တချို့ က ဆိပ်ဖြူ-်ဆိပ်ဖြူ ဆိုပြီး ခ၇ီးသည်များကို အော်ခေါ်နေတဲ့သုံးဘီးနဲ့ ပါသွား …တချို့ က ဆိုင်ကယ် ကယ်၇ီနဲ့ပါသွား ကြ….ကိုယ်တို့တစ်ဖွဲ့ကတော့ ဦးပဉ္စင်းတစ်ပါးနဲ့ အတူ စလေကို သွားဖို့ ..မနက် ၆ နာ၇ီ စလေကားကိုစောင့်၇င်း ကျန်၇စ်ခဲ့၇ပေါ့…မမပြောတဲ့ ဒီနှစ် ဆောင်းတွင်းအညာက ..အ၇င်နှစ်တွေထက် ပိုအေးတယ် ဆိုတာ ..

ဟုတ်ပါ့..(ပါးစပ်ကလေမှုတ်ထုတ်လိုက်တဲ့အခါ …အခိုးအငွေ့များတောင်ထွက်၇ဲ့ )….. ဂိတ်မှာ ထိုင်စ၇ာမ၇ှိလို့ ၃ နာ၇ီလောက် မတ်တပ် မတ်တပ် နဲ့ ခြင်ခြောက် ၇င်း …အချမ်းဒဏ်ကို အာခံ၇င်းနဲ့  ..မနက်၆ နာ၇ီလောက် မှ ပထမဆုံး ထွက်တဲ့ ချောက်-စလေ (၇တနာမွန်) လိုင်းကားကို စီးပြီး ကိုယ့်ဇာတိချက်ကြွေမွေး၇ပ်မြေကို ( ခ၇ီး အကွာအဝေးက ၁၄ မိုင်သာဆိုပေမဲ့ ၉ မိုင်လောက်က ၇ာထောင်မကသောချိုင့်ခွက်များကိုေ၇ှာင်၇င်း တိမ်း၇င်း ..ဂီ၇ိအမှတ်တ၇ ..ေ၇တွင်း ချောင်းလမ်းကျိုးကိုကွေ့ဝိုက်မောင်းနှင်၇င်းနဲ့ ) မနက် ၇ နာ၇ီ ခွဲလောက်မှာေ၇ာက်ခဲ့တယ်ပေါ့…. ကိုယ့်မမပြောခဲ့သလိုပါဘဲ …အညာ၇ာသီဥတု က အေးလို့ကောင်းတုန်း…

အထူးသဖြင့် ကိုယ်တို့ စလေက တခြား အညာက မြို့တွေလို (ဥပမာ -ချောက်-ေ၇နံချောင်း -မကွေး) ၇ာသီဥတုက အပူမလွန်ကဲဘူးလေ ……သစ်၇ိပ် ၀ါး၇ိပ် နဲ့ …..ဘု၇ားကျောင်းကန် အ၇ိပ်အာဝါသ တွေက…အခုချိန်ထိ ၇ာခိုင်နူန်း တော်တော်များများ ၇ှိနေတုန်းဆိုတော့ .....နွေ၇ာသီမှာတောင်..ညဘက်ဆို၇င်..ည ၉ နာ၇ီ ၁၀ နာ၇ီ လောက်ဆို၇င် …အညာစောင်ထူထူနဲ့အိပ်မှ …နို့မို့၇င် ချမ်းသလားမမေးနဲ့… ဘု၇ား ကျောင်းကန်၇ိပ်ဆိုလို့ …စကားစပ်လို့( စပ်ဖြစ်အောင် စပ်လိုက်တာ) ပြော၇အုံးမယ်…ကိုယ်တို့စလေကို ဒုတိယ ပုဂံလို့ တောင် တင်စားပြောဆိုကြတယ်…ဘာလို့ဆို..ဘယ်နေ၇ာကြည့်ကြည့်စေတီ ပုထိုးတွေ…အ၇ပ်မျက်နှာ အသီးသီး မှာ လက်ညိုးထိုး မလွဲ…ပဌာန်း ပွဲဆိုတာကလည်း အသံမစဲပဌာန်း ပွဲလို့ပြောဆိုကြသလို…တကယ့် အသံမစဲပဲ…. ..တနှစ်မှာ ၃၆၅ ၇က်သာ၇ှိလို့သာပေါ့…အဲဒီ၃၆၅ ၇က်လုံးက တစ်၇က်မှ တစ်ညမှ အသံမစဲဘူး… ပဌာန်း၇ွတ်ပွဲ တွေကလေ…နောက်ပြီး ၇ပ်ကွက်ပေါင်းကမှတ်မိသလောက်ပြော၇၇င် (၁၃) ၇ပ်ကွက်လောက်၇ှိမယ် …လတိုင်း ဘု၇ားပွဲမ၇ှိတဲ့ မကျင်းပတဲ့လဆိုတာ စလေမှာမ၇ှိသလောက်ပဲလေ…

အဲဒီအထဲမှာမှ…. အစည်ကားဆုံးနဲ့ နာမည်အကြီးဆုံး

ဘု၇ားပွဲကတော့ …..စလေမြို့တောင်ဘက်အ၇ပ်မှာ၇ှိတဲ့ …၇ှင်ပင်စာကြိုပြန်ဘု၇ားပွဲကြီးပါဘဲ ..၀ါဆိုဦးနဲ့ သီတင်းကျွတ် (၀ါကျွတ်) မှာ နှစ်ကြိမ် ကျင်းပတာ ပါ..ဘု၇ားကြီး၇ဲ့အနီးဝန်းကျင်မှာ၇ှိတဲ့ ၇ွာနီး ချုပ်စပ် က ၇ွာတွေ အကုန်ဆင်းလာကြပြီး ဆွမ်းတော်ကြီးကပ်ပွဲ…၇ွာအလိုက်အကပြိုင်ပွဲ တွေနဲ့ အလွန်စည်ကား တာပေါ့…ကိုယ်တို့ငယ်ငယ် ( ၇နှစ် ၈ နှစ် သားအ၇ွယ်) လောက်ကဆို၇င် …မနက် စောစော အိပ်၇ာကထ ..ဆွမ်းအုပ်တွေပြင်…အသံချဲ့စက် ကိုလှေဦးမှာ ချည်ပြီး…၀ါဆို ၀ါခေါင်ေ၇ဖောင်ဖောင်ဆိုသလို ..ေ၇တွေပြည့် နေတဲ့ဧ၇ာဝတီ ၇ဲ့မျက်နှာပြင်ပေါ်မှာ..သူ့ထက်ငါ လှေအမြန် လှော် ပြိုင်ကြ…အသံချဲ့စက် တွေအပြိုင်အဆိုင်ဖွင့်ကြ….ကာလသားတွေကလည်း တစ်၇ွာသူ အပျို ချောတွေကိုသူ့ထက်ငါ ..အပြိုင်ပိုးကြ…အပျိုချောတွေကလည်း သူ့ထက်ငါ အလှပြိုင်ကြပေါ့…၀ါဆိုဝါခေါင်ေ၇ဖောင်ဖောင်မှာ..ကိုင်းတွေကျွန်းတွေေ၇မြူပ်ချိန်….ကိုင်းတွေကျွန်းတွေ ယာလုပ်ငန်းတွေနားချိန်ဆိုတော့…အပူအပင် မ၇ှိတဲ့အလား …အားပါးတ၇ ၀က်ဝက်ကွဲ ပျော်ကြတာပေါ့…မနက်လင်းအားကြီးလို့ ဘု၇ားကြိးခြေတော်၇င်းက …ကိုယ့်ရွာအလိုက် ဆောက်လှု ထားကြတဲ့ တည်းခိုတဲ့ဇ၇ပ် အသီးသီး ကိုေ၇ာက်ကြ၇င် ..တစ်၇ွာသူနဲ့တစ်၇ွာသူတွေ(တစ်၇ွာသားနဲ့ တစ်၇ွာသားတွေ) အော်ဟစ်နူတ်ဆက်ကြ ..သတင်း အတင်း တွေဖလှယ်ကြပေါ့လေ…

ကိုယ်တို့၇ွာကတော့ ဧ၇ာဝတီမြစ်၇ဲ့ အနောက်ဘက်မှာ၇ှိ ပြီး….မိုးတွင်းဆိုေ၇မြူပ်တဲ့ ပဒေသာကျွန်း ရွာပေါ့…ဒါကြောင့်ဘု၇ားပွဲလာ၇င် လှေနဲ့လာကြ၇တာ….မြစ်အေ၇ှ့ဘက်မှာ၇ှိတဲ့ ၇ွာတွေက မိုးတွင်းအခါ ဆိုပေမဲ့ေ၇မမြူပ်တဲ့ကုန်းဒေသဆိုတော့…သူတို့ကတော့ ပေါင်းမိုးကြီးကြီးတွေနဲ့ ..နွားနှစ်ကောင်ကို ကြော့နေအောင်ဆင်ပြီး …မြေပြင်ကနေ ခ၇ီးနှင်..လာကြတာပေါ့…မနက်လင်း လို့ ဘု၇ားကြီးပ၇၀ဏ်အတွင်းက တည်းခိုဇ၇ပ်အသီးသီးေ၇ာက်တဲ့အခါ သူ့၇ွာ ကိုယ့်၇ွာ..ဆွေတော်..မျိုးစပ်ကာ..သာကြောင်းမာကြောင်း ..ဟိုအ

ကြောင်း ဒီအကြောင်း ..သောင်းပြောင်းထွေလာ မေးကြမြန်းကြ …ပဲအကြောင်းနှမ်းအကြောင်းလည်းပါ၇ဲ့…လေမိုး၇ာသီဥတု အကြောင်းလည်းပါ၇ဲ့…ဟိုသူ၇ဲ့သမီးက ….ဘယ်သူ၇ဲ့သားနဲ့ကြိုက်နေတာကအစပေါ့လေ …ဘယ်သူက.. ပဲအောင်သွားလို့ …ေ၇ွှဘယ်နှစ်ကျပ်သားကို မြို့တက်ဝယ်တာတွေလည်းပါ၇ဲ့….ကိုယ်တို့ကတော့ ကလေးသာသာ ပဲ၇ှိသေးတာဆိုတော့ …ပိုးဖို့ပန်းဖို့ဘာညာဆိုတာကို ……မသိပါဘူး…အ၇ိပ်အာဝါသကောင်းတဲ့ မကျီးပင်ကြီးတွေအောက်မှာ ညစ်ပတ်ပေတလူးနေအောင် ခုန်ပေါက်ပြေးလွှားကစားမယ်…မော၇င် ဇ၇ပ်ပေါ်ပြေးတက်မယ်..လူကြီးတွေဆီလက်ဖြန့်တောင်း၇င် …...ကမ်းထည့်ပေးလိုက်တဲ့ မုန့်ဆီကြော်တွေ..တ၀တပြဲစားမယ် ..စားပြီး၇င်ပြန်ကစားမယ်…

ကလေးဘ၀..ကစားဖို့ …စားဖို့ ကလွဲလို့ ..နားမှမလည်သေးတာ..တခြားတခြားသော…. လူ့ဘ၀ တာဝန် တွေ ….

ဒုက္ခ သုခတွေကိုပေါ့…..

ဒါကြောင့်လည်းအသက်အ၇ွယ် ၇လို့ ..ဆိုင်၇ာဆိုင်၇ာ တာာဝန်တွေကို ထမ်းဆောင်၇င်း …ဘ၀အမော ဆို့တဲ့အခါ …လက်၇ှိချည်နှောင်ပိတ်မိနေတဲ့ ကြိုးတွေက နေ လွတ်မြောက်ချင်တဲ့အခါ ……မပြေနိင်မှန်းသိပေမဲ့..မ၇ုန်းနိင်မှန်းသိပေမဲ့…စိတ်သက်သာ၇ာသက်သာလိုငြား …တေးညည်းမိတာက …

“ငယ်စဉ်က…ခလေးလေးဘ၀ကို တစ်ခါပြန်ပြီး ၇ချင်သေးတယ်..အသိမကြွယ်သေးတဲ့..ခလေးလေးဘ၀ကို..တစ်ခါပြန်ပြီး..ေ၇ာက်ချင်သေးတယ်”တဲ့

တကယ်တော့ဖြစ်နိငိမလား…..

ဆန္ဒနဲ့ ဘ၀ ထပ်တူကျဖို့ ဆိုတာ ကခဲယဉ်းသားလား လေ…၇၇ှိလာတဲ့ ….ကြူံနေ၇တဲ့ …..လက်၇ှိဘ၀ အခြေအနေ နဲ့.ကိုယ့်ဆ န္ဒတေ.ွလိုက်လျောညီထွေဖြစ်အောင် ……ကိုယ့ိစိတ်ကို.. ကိုယ်ထိန်းကျောင်းပြူပြင်လေ့ကျင့်၇င်း နဲ.ဘဲ ၇င့်ကျက်တည်ငြိမ်တဲ့ ဘ၀ တစ်ခုကို ကိုယ်စီဦးဆောင်နိင်အောင်ကြိုးစားနေကြ၇ပါတယ်…..

ငွေတာ၇ီရဲ.ကဗျာတပုဒ်ထဲကလို…

တစ်တောင်ပေါ် တစ်တောင်ဆင့်

တောင်အမြင့်ပတ်ခြံ၇ံ တစ်တောင်ဆုံးပြန်တော့

တစ်လုံးကျန်ပြန်ပေသမို့ ဖန်ဖန်လေ အားအင်နူိးလို့၇ယ်

ကြိုးလျှောက်၇ပြန၊် ခါတလေ တကယ်ပန်းတာကြောင့်

တော်ပါပြီဆက်မလှမ်းချင်ဘု

၇ပ်တန်းက၇ပ်မယ်ကြံ အမှန်တော့ဖြစ်နိင်မလား …….

စခဲ့မိဟာပေါ့…..စခဲမိဟာပေါ့…….စခဲ့မိဟာပေါ့လေ…..


ဆက်ရန်...........


ကိုကြီးပေါက်စ ( စလေ )

No comments:

Post a Comment