Saturday, May 7, 2011

အလွမ်းမပြေ ချစ်တဲ့အညာမြေ


ဒီတစ်ခေါက် ၇န်ကုန်မြေကို ခြေချမိတော့ မှတ်မှတ်၇၇ ၇ာသီဥတုက မပူလွန်းမအေးလွန်း …၂၀၁၁ ဇန်န၀ါ၇ီလ နောက်ဆုံးပါတ် နေ့ခင်းဘက်၇ဲ့ အပူချိန်က ….၂၉ ဒီဂ၇ီ စင်တီဂ၇ိတ်တဲ့ ……..အညာမှာ ၇ှိတဲ့မမ (ကိုယ့်အထက် က အစ်မကြီး) က ….”ငါ့မောင်ကြီး ဒီနှစ်ပြန်လာ၇င် အနွေးထည် ယူဖြစ်အောင် ယူလာခဲ့ …ဒီနှစ်က အ၇င်နှစ်တွေထက် ပိုအေးတယ် ….ခေါင်းစွပ်ပါတဲ့ အနွေးထည် ပါယူလာခဲ့တဲ့”… နောက်ပြီး ပြောလိုက်သေးတယ်…”အင်း…ငါ့မောင်ကြီးကို ပြန်လည်းလာစေချင်တယ် ..ပြန်လည်းမလာစေချင်ဘူး” တဲ့ “ဘာလို့တုန်း ဟ….ပြန်မလာစေချင်တာက “ ဆိုတော့ “နင်က ..ေ၇ာက်လာ၇င် ..အိမ်ကို သိတ်မကပ်ဘူး” တဲ့ “အပေါင်းအသင်းတွေနဲ့ …ဟိုကိစ္စ..သည်ကိစ္စ တွေနဲ့ ဘဲလုံးချာလည် ပြီး ..အချိန်တန်တော့…ပြန်သွားေ၇ာ”တဲ့ အဲဒီကျမှ …ကိုယ်ငယ်ငယ်က မှတ်မှတ်၇၇ ..ခုနှစ်တန်း ၇ှစ်တန်း နှစ်လောက်ကပေါ့ …အဖေ က တစ်ခါပြောဘူးတယ်…” ငါမွေး ထား တာ မင်းကို .ယောင်္ကျားလေးမို့လို့ ဘဲ …” တဲ့ “မိန်းကလေး သာဆို၇င် ..နောက်ကနေ ခြင်းတောင်းနဲ့…လိုက်ကောက်၇လောက်တယ်….”တဲ့………အင်မတန် စကားနည်းပြီး အေးအေးဆေးဆေး နေတတ်တဲ့ ကိုယ့်အဖေက ..အဲဒီအ၇ွယ်ကတည်းက ကိုယ့်ကို အဲဒိလို မှတ်ချက်ချဘူးတယ်..ပြောလည်းပြောချင်စ၇ာပါဘဲလေ…ကိုယ်ကလည်း..ညနေကျောင်းဆင်းလို့ အိမ်ပေါ်ေ၇ာက်..လွယ်အိတ်ကို ကိုယ်က ခွာပြီးတာနဲ့ …. အိမ်ေ၇ှ့ ထွက်မျှော်နေပြီ …… “ဌေးဝင်းေ၇” လို့ ဘယ်သူ ကိုယ့်ကို လာခေါ်မလဲဆိုတာကိုပေါ့ ..အဲဒိနောက် စက်ဘီးကိုယ်စီ နဲ့(ကိုယ်က စက်ဘီးကို သူများနောက်ကဘဲ စီးတတ်တယ်…ကိုယ်တိုင်နင်း တယ်လို့ထင်ပြီး အထင်ကြီးမှာစိုးလို့ပါ) စက်၇ုံ(ဓာတ်မြေသြဇာ စက်၇ုံ) ဘက်တို့ …ဆင်ေ၈ါင်းဘု၇ားတို့ ..မြစ်ဆိပ် (ဧ၇ာဝတီ) တို့ကို သူငယ်ချင်း တွေ( ခင်မောင်စိုး + သံချောင်း+ မြင့်စိုး+ သန်းဌေးအောင်+ ခင်အောင် +မြင့်သိန်း ….စသည်) စုဖွဲ့ပြီး သွားကြ၊ စာအတူကျက်တာထက် မုန့်ဝယ်ပြီး တစ်နေ၇ာမှာထိုင်စားကြ ….မြစ်ထဲမှာေ၇ကူးကြ…ဒါမှမဟုတ် ပင်ပေါင်(စားပွဲတင်တင်းနစ်) ရိုက်ကြပေါ့…ခုတော့လည်းအထိုက်အလျောက် ၊ အ၇ွယ်တွေ၇လာကြတော့ ..ပျော်၇ာမှာမနေ၇၊ တော်၇ာမှာနေကြ၇..ဆိုသလို....ေ၇ကြည်၇ာမြက်နု၇ာဆိုသလို……တစ်၇ွာမပြောင်း


သူကောင်းမဖြစ်ဆိုသလို…..ဆိုသလို..ဆိုသလိုနဲ့….ဝေးဝေးလာလိုက်ကြတာ….နစ်ပေါင်းလေးဆယ်လောက်

တောင်၇ှိေ၇ာပေါ့…အင်း…အနွေးထည်ကိစ္စကနေ..ဆက်စပ်တွေးလိုက်တာ.တော်တော်တောင်လေ၇ှည်သွားပေါ့… အဲဒါနဲ့ ..ကိုယ်လည်ဲး..ကြိုသိထားခဲ့ တဲ့ ကိုယ့်မွေး၇ပ်မြေ၇ဲ့ ဒီနှစ်၇ာသီဥတု အကြောင်းကြောင့် …အနွေးထည်ကလေးများလည်း ကြိုတင်ပြင်ဆင်..ယူလာခဲ့၇တာပေါ့ …ကိုယ့်မမပြောသလိုပါဘဲ …၇န်ကုန်လေဆိပ် ဆင်းတဲ့အချိန် ညနေ ၄နာ၇ီ လောက်မှာတောင် လူတိုင်းလိုလို အနွေးထည်ကိုယ်စီနဲ့ပေါ့…….

` လေဆိပ်ကနေ အိမ်အသွား…အငှားကားထဲမှာ “ဒီတခေါက်နဲ့ အ၇င်တခေါက် မှာ ၇န်ကုန်က ဘာတွေထူးခြားသွားလဲ “ လို့ ..ကိုယ့်ဇနီးကမေးတော့….”အင်း ညည်းအဒေါ် ဒေါ်သန်းညွန့် ကို သွားသတိ၇မိတယ် …” “ဘာဆိုင်လို့လဲ “ …ဒေါ်သန်းညွန့်ဆိုတာက ..ကိုယ့်မွေးတဲ့၇ွာက ..အသက်၅၀ နားနီးမှ အိမ်ထောင်ကျတဲ့ အပျိုကြီးတစ်ယောက် ..ကြည့်လိုက်၇င် နစ်ပေါင်းများစွာ နေ့ေ၇ာညပါ ..၀တ်စ၇ာဆိုလို့ အေ၇ာင်အဆင်းမ၇ှိ ဆွေးမြည့်နေတဲ့ အညာဖျဉ်ကြမ်း နှစ်နံစပ် ထမီကြီး နဲ့ …အေ၇ာင်ကမပေါ် ..ချေးညှော်အထပ်ထပ်မ၇ှိပေမဲ့ ဟောင်းနွမ်းလှတဲ့ဖျဉ်ကြမ်းအင်္ကျီ…တနေကုန်ယာထဲမှာ …နွားတင်းကုပ်အထဲမှာ ..အလုပ်၇ှုပ် ..ဖီးလိမ်း ချိန်မ၇ှိ….ဆီမထိ ခေါင်းစုပ်ဖွားနဲ့ ….ဆင်း၇ဲသလားဆိုတော့လည်း..၇ွာမှာ လူချမ်းသာ စာ၇င်းဝင်….မြင်လိုက်၇ူံနဲ့ …ဘယ်အကြင်ပု၇ိသ ယောင်္ကျားကမှ အိမ်ထောင်ဖက်ဖို့ စိတ်မကူးချင်သလို …အပျိုမှ အပျိုစစ်စစ်…..ယင်ဖိုတောင်မသန်းဘူးတဲ့ သူ…သူမကိုယ်တိုင်ကလည်း ..လင်ယူဖို့ တစက်ကလေးမှ စိတ်မကူးခဲ့တဲ့သူ……ဒါပေမဲ့………အင်း…..အရွယ်ကလည်းဟိုင်း်တဲ့ဖက်…စည်းစိမ်ဥစ္စာကလေးကလည်း…………….မက်လောက်စ၇ာ….အိုမင်းလာတဲ့အခါ ..ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖို့ ..ဆေးပေးမီးယူ..တိုးတိုးဖော် လုပ်ဖို့ ..ဆိုကြပါစို့ …ငါးဆယ်နားနီးမှ သက်တူ၇ွယ်တူ စိတ်သဘောတူသူ အိမ်ထောင်ဖက်ခဲ့တဲ့ ..သူ့အဒေါ် ဒေါ်သန်းညွန့်ပေါ့…..

အိမ်ထောင်ကျခြင်း မကျခြင်းက ၊ သူမ အတွက် ဘာမှ မထူးဆန်းသလို ..သူမ၇ဲ့နေပုံထိုင်ပုံ ..၀တ်စားပုံ တွေကလည်း..ဘေးပတ်ဝန်းကျင် အများအမြင်မှာ…ဒေါ်သန်း ညွန့်  တစ်ယောက်ကနေ..သူမဘေးက ယောင်္ကျားတစ်ယောက်ထပ်တိုးပြီးမြင်၇တာဘဲ၇ှိတယ်…အ၇င်အတိုင်းဘဲ…သူမပုံစံကတော့လေ…အဲလိုပြောပြတော့…. ဇနီးဖြစ်သူက ၇ီတယ် …ကြံကြံဖန်ဖန်တဲ့….ကိုယ်လည်း၇ူတ်တ၇က် စဉ်းစား၇တဲ့ ဥပမာ ကိုယ်ပေးမိတာပေါ့နော်….

၇န်ကုန်မှာ ( ၄ ) ညအိပ်ပြီး ..ဖေဖော်ဝါ၇ီလ (၂ ) ၇က် ၂၀၁၁ -ဗုဒ္ဓဟူး မှာညနေကား (အောင်ဇေယျ -မှန်လုံအဝေးပြေး )..နဲ့ ကိုယ့်၇ဲ့ မွေး၇ပ်အညာမြေဆီသို့ အဖော်မပါတစ်ကိုယ်တည်း ခ၇ီးထွက်ခဲ့တယ် ….အမှန်ပြော၇၇င် ..၇န်ကုန်မြို့ က ကျွန်တော့် မွေး၇ပ်မြေမဟုတ်လို့လား ၊ဒါမှမဟုတ် မိဘဆွေမျိုး သူငယ်ချင်းများ၇ှိ၇ာ အ၇ပ်မဟုတ်လို့လား ၊ ဘာ၇ယ်လို့မသိပေမဲ့ ..ကျွန်တော်အလည်တစ်ခေါက်ပြန်တိုင်း ၇န်ကုန်မှာ ကျွန်တော်ကြာကြာနေလေ့ …အချိန်ဖြူန်းလေ့မ၇ှိခဲ့ပါဘူး…၇န်ကုန်ေ၇ာက်၇င်ပဲ အညာကို မြန်မြန် သွားဖို့ကိုယ့်စိတ်ကို ကိုယ်လှုံ့ဆော်နေမိတယ် …ဒါပေမဲ့ ..အ၇င်အခေါက်တွေလိုမဟုတ်ဘဲ ..အခုတစ်ခေါက်တော့ ..၇န်ကုန်မှာ လေးညကြီးများတောင် အိပ်ဖြစ်ခဲ့တယ်…မီးမှန်နေလို့ ပြုပြင်ထားတဲ့ ၇ာသီဥတု အပူချိန်(အဲယားကွန်း သုံးလို့) ကြောင့် နေလို့ အိပ်လို့ ၇ခဲ့တာလို့ ပြော၇င်လည်း ၇ကောင်း၇ဲ့လေ….

သို့ပေတဲ့..အညာမြေက လန်းဆန်းအေးမြတဲ့ သဘာဝ လေနုအေးတွေကို ပြုပြင်ဖန်တီးထားတဲ့ ဘယ်လေအေးတွေက မှနိုင်းယှဉ်လို့ မ၇ပါဘူး Nothing can be compared to our natural soft cold breeze in ananyar.It is unique.

ချောက်-၇န်ကုန်..အဝေးပြေးမှန်လုံ…အမြန်ယာဉ်လိုင်း…နာမည်က အောင်ဇေယျတဲ့….အလောင်းမင်းတ၇ားကြီးဥိးအောင်ဇေယျ ကို ဂုဏ်ပြု မှည့်ခေါ်ထားပုံပေါ်၇ဲ့…. ချောက်.၇န်ကုန် ခ၇ီးကို ကျသင့်ငွေက ၇ှစ်ထောင်တဲ့ …၇န်ကုန်အောင်မင်္ဂလာအဝေးပြေးဝင်း ကနေ ညနေ လေးနာ၇ီ သာသာလောက် စထွက် ၇င် ချောက်မြို့ကို နောက်နေ့မနက်စောစော ၂ နာ၇ီခွဲ ၃ နာ၇ီလောက်မှာေ၇ာက်တယ်တဲ့လေ …လမ်းမှာကားပျက်တာ ..မလိုအပ်တဲ့ ကြန့်ကြာမူ တွေမ၇ှိခဲ့၇င်ပေါ့… စက်ဆိုတာမျိုးကလည်းခန့်မှန်း၇ခက်သား…လူ့ခန္ဓာ ကိုယ်ကြီးတောင်မှ တစတစ ..အချိန်နဲ့အမျှ အိုမင်းယိုယွင်း လာ၇တာ..စက္ကန့် နဲ့အမျှ သင်္ခါ၇နယ်ထဲမှာ အနိစ္စ သဘောနဲ့ ဖြစ်ပြီး ၇င်းပျက်နေရတာ…

ဆ၇ာတော်ကြီး တစ်ပါး မိန့်ကြားသလို …”ကိုယ့်ကိုယ်ကို ဆိုင်သာဆိုင်တယ် ..မပိုင်ဘူးတဲ့ …” ဆိုလိုချင်တာက ..အန တ္တ သဘောကိုပေါ့နော်…အဲ့သလို မိမိကိုယ်ကိုတောင် ဆိုင်သာဆိုင်ပြီး မပိုင်နိင်သေး၇င် ….ချစ်သူငယ်ချင်း တစ်ယောက် မကြာမကြာပြောဖူးတဲ့ သူ့၇ဲ့လက်သုံးစကားတစ်ခုလိုပေါ့…” Nothing is certain” တဲ့ “သေချာတာ ဘာမှ မ၇ှိဘူးတဲ့ …မသေချာခြင်းကလွဲလို့ပေါ့ ..ဆ၇ာ၇ယ် “ တဲ့ …အဲဒီတော့ သတ္တုတွေနဲ့ပြူလုပ်ဖန်တီးထားတဲ့ ..စက်ကိ၇ိယာနဲ့ မောင်းနှင်နေတဲ့ ဒီကားတွေဆိုတာ မျိုးကေ၇ာ ..မှန်လုံဘဲ ဆိုဆို …အမြန်ယာဉ်ပဲ ပြောပြော…အဲယားကွန်းဘက်စ်ပဲခေါ်ခေါ် ….Nothing is certain ပဲပေါ့ … ပျက်ချင်ပျက်လိမ့်မပေါ့ … မပျက်၇င်တော့ သူပြောသလို နောက်နေ့ မနက်စောစော ၂ နာ၇ီခွဲ ၃ နာ၇ီလောက်မှာ ချောချောမောမောေ၇ာက်ပေမပေါ့လေ ….ကံကောင်းတာပဲလား ..တိုက်ဆိုင်တာပဲလား…ပိုက်ဆံအပိုကုန်ဖို့ဘဲ..ဖြစ်လာလားမသိလေ…အဝေးပြေးကားဂိတ်ေ၇ာက်တော့ ..ကိုယ့်အတွက် ထိုင်ခုံ က နှစ်နေ၇ာ ဖြစ်နေလေ၇ဲ့(ကြိုဝယ်ပေးတဲ့သူ ကနှစ်ယောက်ဖြစ်သွားလို့လေ) …. …ကားမထွက်ခင် တစ်နာ၇ီလောက်ထိတော့ ..ဂိတ်မှူး မိန်းကလေး က ..ပိုနေတဲ့ ကိုယ့်၇ဲ့ထိုင်ခုံတစ်နေ၇ာ ကိုေ၇ာင်းပေး၇ှာပါ၇ဲ့…ဖြစ်ချင်တော့ ..သူမ၇ဲ့ထိုင်ခုံဇယားမှာတောင် ..နေ၇ာ နစ်နေ၇ာစာေ၇ာင်းမထွက်သေးဘူးလေ …ဂိတ်မှူး အစီအစဉ်နဲ့ လက်မှတ်နှစ်စောင်စာ ..ထိုင်ခုံနစ်နေ၇ာစာကို …တစ်ယောက်ထဲ ချောင်ချောင်ချိချိ သက်သက်သာသာနဲ့ စီးခွင့်၇ခဲ့တာပေါ့ …၇န်ကုန်အောင်မင်္ဂလာ အဝေးပြေးကားဝင်းကနေ ညနေ လေးနာ၇ီခွဲလောက်မှာ စထွက်ခဲ့တာ …ည ၈ နာ၇ီလောက်မှာ နေပြည်တော် မေ၇ာက်ခင် အဝေးပြေးယာဉ်၇ပ်နားဝင်းေ၇ာက်တော့ အငွေ့မပြယ်သေးတဲ့ ဆောင်းလက်ကျန် အအေးဓာတ်က ရိုးမဘက် က ဆင်းလာတဲ့ လေပြေညှင်းနဲ့အတူ လူတစ်ကိုယ်လုံးကို ပွေ့ယူ ၇မ်းပစ်လိုက်တာ …လူတိုင်းကို အနွေးထည် ၀တ်ကြပါလို့.. ပြာပြာသလဲ .. ခခယယယ…ပြောနေသလိုပါဘဲ ..

ကိုယ်လည်း ပါလာတဲ့ အနွေးထည် ကိုထုတ်ဝတ် ..ခေါင်းစွပ်ပါစွပ်ပြီး ..စားသောက်ဆိုင်တန်းက ..famous ဆိုင်မှာ ..ညနေစာ စားခဲ့တာပေါ့…ဆိုင်အပြင်အဆင်က သန့်၇ှင်းသပ်၇ပ်တယ်…ခေါက်ဆွဲကြော်တစ်ပွဲ ၃၀၀၀ ကျပ် ..ကော်ဖီ တစ်ခွက် နှစ်၇ာကျပ် ..ဆိုတော့ …သူ့ဈေးနဲ့ သူ့  အ၇ည်အသွေးက ..လက်ခံနိင်စ၇ာပါ….

သန့်စင်ခန်းတွေကလည်း..စင်ကာပူလောက်မဟုတ်ပေမဲ့....(ကိုယ်သိသလောက်)


မလေး ၇ှားလောက်တော့မဆိုးပါဘူး…သန့်တယ် ..နိင်ငံခြားသားများ အကြိုက်ပါဘဲ..

ယာဉ်ခေတ္တ၇ပ် နားဝင်း ကနေ ထွက်လာတော့ လမ်းဘေး ၀ဲယာ မှာမှောင်နေပြီ ..နေပြည်တော်ကိုဖြတ်၇င် …နေပြည်တော် ညအလှကို ကြည့်မယ်မှန်းထားပေမယ့် ..မေ၇ာက်ခင်က အိပ်ပျော်သွားလိုက်တာ ..မိတ္ထီလာလွန်မှဘဲ ..နိုးတော့တယ်..လမ်းတွေက ကျယ်ပြီး ၇ှင်းနေ တာပဲ ..ညဘက်လည်းဖြစ်နေတော့ ကားကလည်းတ၇ိပ်၇ိပ်နဲ့ မောင်းနေလိုက်တာ …ေ၇ာက်မှန်းတောင်မသိလိုက်ဘူး…ချောက်မြို့ကိုဝင်တော့ …မနက် သုံးနာ၇ီ ထိုးဖို့ ၁၅ မိနစ် ,,,,,အလို...


ဆက်ရန်........



ကိုကြီးပေါက်စ ( စလေ )


No comments:

Post a Comment