Monday, June 13, 2011
မိုးတွေညို့မှဖြင့်(၂)
ကိုယ်ဆိုလိုချင်တာက .တွေ့ကြုံ၇တဲ့ ပြဿနာ တစ်ခု အခက်အခဲတစ်ခု ..စိန်ခေါ်မူတစ်ခုကို ..လွယ်လွယ်နဲ့အလျှော့မပေးမိဘို့  .မခံချင်စိတ်နဲ့ ၇အောင် လုပ်မယ်ဆို တဲ့ဇွဲနဲ့ ကြိုးစားဖို့ပါ လူတစ်ယောက်၇ဲ့ အစွမ်းအစကို ကိုယ်တိုင်မသိနိင်သလို ကိုယ်ကိုယ်တိုင် အားထုတ်ကြိုးစားပြီးမှသာ သြော် ငါ ဒီလောက် လုပ်နိင်ပါလားဆိုတဲ့ .အဖြေကို ပီတိနဲ့အတူ ခံစားသိ၇ှိ၇မှာပါ .ဒီဥပမာက ငယ်စဉ် ကျောင်းသား အ၇ွယ်က ၇ခဲ့တာဆိုပေမယ့် .ကိုယ့်ဘ၀မှာ စွဲထင်အမှတ်၇ စ၇ာ ..သင်ခန်းစာယူစ၇ာ နမူနာလေး တစ်ခုဖြစ်နေခဲ့ပါတယ် .
ကျောင်းသင်ခန်း်က ကိုယ်စီထွက်ခွာခဲ့ကြပြီး ..လူ့လောကအလယ် ..လျှောက်ကြတဲ့အခါ အထူးသဖြင့် အလုပ်ခွင်မှာ လူအချင်းချင်း ..ပြောဆိုဆက်ဆံ လုပ်ကိုင် ကြတဲ့အခါ အလွန်အင်မတန်ပ၇ိယာယ် မာယာများတဲ့ လူ့လောကကြီးဟာ သန်းခေါင် ညလယ် ..မိုးမှောင် ကျနေတဲ့ တောနက်ကြီးထဲကို စမ်းတ၀ါးဝါး လျှောက်နေ၇တာထက် အန္တာ၇ယ် ပိုကြီးပါတယ် ။ ဒီနေ၇ာမှာ မိမိ၇ဲ့ အဓိက အားကိုး၇ာက ..မိမိ၇၇ှိပိုင်ဆိုင်ထားတဲ့ ဇွဲ ..နဲ့..စိတ်ဓာတ်ပါဘဲ .ဒီနှစ်ခု အ၇င်းပြု ပြီးတွေ့ကြုံလာတဲ့ လောကဓံ အဆိုးတ၇ား တွေကို ၇င်ဆိုင်ကျော်ဖြတ် နိင်မှ ..ကိုယ့်ဘ၀၇ဲ့ ပန်းတိုင်ကို မြဲမြဲခိုင်ခိုင် ၇၇ှိနိင်ပါလိမ့်မယ် ဒီနေ၇ာမှာ ..ကျောင်းသားဘ၀ က ..ကျောင်းတွင်းလက်ကမ်းစာစောင်မှာ ဖော်ပြခဲ့တဲ့ ..ကိုယ့်၇ဲ့ ကဗျာ တိုကလေး ကို သတိ၇မိတယ် ..ကဗျာ ခေါင်း စဉ်က …”ပန်းတိုင် တဲ့ .
မုန်တိုင်း ဆန်လျှက် လှိုင်းထန်ပွက်သည့်
မြစ်ထက်ပြင်ကို ဖြတ်ကျော်လို ၍
ငါ့ကိုယ်ငါလျှင် စိတ်ကူးယဉ်ဖြင့်
မြစ်ပြင်ဖြတ် ၍ မ၇ပါ။
လှေပေါက်ကိုဖာ ၇ွက်ဖျင်ကာနှင့်
ညီညာတက်စွဲ လှော်ခတ်၇ဲမှ
စိတ်ကမှန်း၇ည် ထိုကမ်းဆီသို့
ငါသည်ေ၇ာက်နိင်ပါလိမ့်မည် ။
ဘ၀၇ဲ့အောင်မြင်မူကို လိုလား သူတိုင်း ဟာ .ထိုက်တန်တဲ့၇င်းနှီးမူ တော့၇ှိ၇မယ် ဆိုတဲ့ စိုင်းထီးဆိုင် ၇ဲ့ သီချင်း စာသားလိုပေါ့ ခက်ခက်ခဲခဲ ၇ယူပိုင်ဆိုင် ၇တဲ့ အောင်မြင်မူ အ၇သာ ဟာ ..ဘ၀အတွက် အချိုအမြိန်ဆုံးအ၇သာပါ ကိုယ် တို့ငယ်စဉ် မြန်မာ့အသံေ၇ဒီယို က လွှင့်တဲ့ ၇ုပ်၇ှင်မင်းသား စိုးေ၇ွှ (ဦးစိုးေ၇ွှ) ၇ဲ့ သီချင်းတစ်ပုဒ် ကိုလည်း ပြန်သတိ၇မိပါ၇ဲ့ …… အောင်မြင်ခြင်းအတူတူ သီချင်း ခေါင်းစဉ်လို့ ထင်ပါတယ် .ကြမ်းသောလမ်းမှ ကိုယ်လျှောက်ခဲ့ပါတယ် ……. သို့သော် နှစ်ဦးသား ပြန်လည် ဆုံတွေ့ တစ်နေ့မှာကွယ်..အောင်မြင်ခြင်းအတူတူ ..ဘယ်သူမြတ်သည်လည်း ……”အခက်အခဲ ကြားက ကိုယ်အား ..ဥာဏ် အား ..စိတ်ဓာတ် စွမ်းအား တွေနဲ့ ၇င်းပြီး၇၇ှိတဲ့အောင်မြင်မူ ဟာ မိမိဘ၀အတွက် တန်ဖိုးထား မှတ်ကျောက်တင်ခံနိင်ပေမယ့် .အခြေအနေပေးလို့ အလွယ်တကူ ၇၇ှိ တဲ့အောင်မြင်မူမျိုးကတော့ေ၇၇ှည်မတည်တံ့နိင်သလို ..တန်ဖိုး ထား သတ်မှတ်ခံ၇မူလည်း ကွာခြား သွားပါတယ် .အဲဒါကြောင့် လည်းဖြတ်ကျော်ခဲတဲ့ ..ခါးသည်းတဲ့ ဘ၀၇ဲ့ လောကဓံ အဆိုးတွေကို ..တစ်ဘ၀စာမမေ့နိင်ပေမဲ့ .လွယ်လွယ်၇လို့ လွယ်လွယ်ကုန်ဆုံးဖြတ်သန်းခဲ့တဲ့ ..လောကဓံချိုချို တွေကတော့ ဘ၀မှာ လွယ်ကူစွာ မေ့ပျောက်ခြင်း ခံ၇တာပါဘဲ ကိုယ်စီကိုယ်ငှ အသီးသီးဖြတ်ကျော် ခဲ့၇တဲ့ ဘ၀တွေထဲမှာ .သင်ခန်းစာယူစ၇ာ နမူနာယူစ၇ာတွေ ဒုနဲ့ဒေးပါဘဲ .အနာဂါတ်အောင်မြင်မူ အတွက် ..အတိတ်က အမှားကို သင်ခန်းစာယူ၇တယ် ..ပြောပြောနေကြတဲ့ ..learn from mistakes ဆိုပေတဲ့ ..ခဏခဏ မှားနေလို့ ကလည်း မဖြစ်ဘူးလေ လောကီနယ်ပယ်မှာ ..လူအချင်းချင်း ဆက်ဆံ၇ာမှာဖြစ်စေ လုပ်ငန်းတာဝန်တွေကို ကိုင်တွယ်ဖြေ၇ှင်း ၇ာမှာဖြစ်စေပေါင်းသင်းဆက်ဆံေ၇းကောင်းဖို့ ..ကိုယ်၇ည်ကိုယ်သွေး (personality) လိုအပ်သလို လုပ်ငန်းကျွမ်းကျင်မူ (skill) အ၇ည်အသွေးလည်း လိုအပ်ပါတယ် ..ဒီနှစ် ချက်နဲ့အတူ ..မိမိ၇ဲ့စိတ်ကို ဘယ်လို ထား၇ှိမလဲ .(လူအချင်းချင်း ဆက်ဆံေ၇းနယ်ပယ်မှာ ..လုပ်ငန်း တာဝန်ကိုင်တွယ်၇ာမှာ ) ဆိုတာက လည်း အင်မတန်အေ၇းပါ ..အေ၇းကြီး လှပါတယ် ဒီနေ၇ာမှာ ..အမည်မသိ စာေ၇းသူတစ်ဦး၇ဲ့ ဇာတ်လမ်းတိုလေး တ စ်ပုဒ်ကိုဖောက်သည်ချ ပြောပြချင်ပါသေးတယ် .PUT THE GLASS DOWN TODAY လွယ်လွယ်ဘာသာပြန်၇၇င် . ပြန်ချထားလိုက်ပါ ပေါ့
ပါမောက္ခတစ်ဦ်း ကေ၇အနည်းငယ် ထည့်ထားသော ဖန်ခွက်ကို အတန်းသားအားလုံးမြင်နိင်စေ၇န် အတန်ကြာကိုင်ထား ပြီး ……” ဒီဖန်ခွက် ဘယ်လောက်လေးမလဲ တပည့်တို့ ဟူသောမေးခွန်းဖြင့် သင်ခန်းစာကို စတင်လိုက်လေသည်။ ဂ၇မ် ၅၀ ဂ၇မ် ၁၀၀ ဂ၇မ် ၁၂၅ ဆိုပြီး ကျောင်းသားများပြိုင်တူ အော်ဟစ်ဖြေဆိုကြတယ် .
အလေးချိန် တိတိကျကျ သာမချိန်ထား၇င် ဆ၇ာလည်းဘယ်လောက် လေးမယ်ဆိုတာ ကို အသေအချာ မပြောပြနိင်ပါဘူး ..ဒါပေမဲ့ ဆ၇ာ က ဖန်ခွက်ကို ဒီအတိုင်း မိနစ်ပိုင်းလောက် ဆက်ကိုင်ထား၇င် ဘာဖြစ်လာနိင်လဲ ……… ဘာမှ မဖြစ်ပါဘူး ဆ၇ာ “…… ကောင်းပြီ ဒီအတိုင်း တစ်နာ၇ိီ ကြာဆက်ကိုင်ထားမယ်ဆို၇င် ကော ဘာဖြစ်လာမလဲ ……..ဆ၇ာ့လက်မောင်းတွေ စပြီး ကိုက်ခဲ လာပါလိမ့်မယ် ကျောင်းသားတစ်ယောက် က ထဖြေတယ် .မင်းပြောတာမှန်တယ် ဖန်ခွက်ကို တစ်နေ့လုံး ဆက်ကိုင်ထားမယ်ဆို၇င်ကော ..ဘာဆက်ဖြစ်လာမလဲ “… ဆ၇ာ့လက်မောင်းထုံပြီး ..မလှုပ်မ၇ှားနိင် ဖြစ်သွားနိင်ပါတယ် . အ၇ွှန်းဖောက်တတ်တဲ့နောက်ကျောင်းသားတစ်ယောက်က .ဆ၇ာ့လက်မောင်း ကြွက်သားတွေ ဒဏ်၇ာအကြီးအကျယ်ဖြစ် ..ဆ၇ာလည်း သွက်ချာပါဒ ဖြစ် ..ပြီးတော့ ဆ၇ာလည်း ဆေး၇ုံေ၇ာက် ဖို့ သေချာသလောက်ပါဘဲ ဆ၇ာ “….ဒီကျောင်းသား၇ဲ့စကား အဆုံးမှာ စာသင်ခန်း တစ်ခန်းလုံး တသောသောနဲ့ပွဲကျသွားပါတယ် . …”သိတ်မှန်တာပေါ့ ကွဒါပေမဲ့ ..အခု ဆ၇ာတို့ ပြောသမျှ အချိန်တွေမှာကော ..ဖန်ခွက်၇ဲ့ အလေးချိန် ပြောင်းသွားသလား …” လို့ ပါမောက္ခက သူ့ကျောင်းသားများကို ထပ်မေးပြန်တယ် .. မပြောင်းပါဘူး ဆ၇ာ ကျောင်းသားအားလုံး တညီတညာ အော်ဟစ် ဖြေဆိုလိုက်ကြတယ် . ကဲ ..ဒါဆို ..ဘယ်ဟာက လက်မောင်းကို ကိုက်ခဲစေတာလဲ ..ကြွက်သားကိုဒဏ်ဖြစ်စေတာလဲ …” ဒီမေးခွန်းမှာတော့ ကျောင်းသားများ အကြံအိုက်သွားကြတယ် ..စာသင်ခန်းတခန်းလုံး လည်း တိတ်ဆိတ်သွားတယ် . ဒီနာကျင်မူကနေ အခုပဲ ကျွတ်လွတ်အောင် ဆ၇ာဘာလုပ်သင့် လဲ ပါမောက္ခက ထပ်မေးပြန်တယ် . ဖန်ခွက်ကို ပြန်ချထားလိုက်ပါ ကျောင်းသားတစ်ယောက်က အားတက်သေ၇ာ ပြန်ဖြေလိုက်တယ် …”အေး ..ဟုတ်တယ် ..ဒီအတိုင်းပဲပေါ့ကွ
နာကျင်ကိုက်ခဲမူက နေ ဝေးချင်၇င် ဆ၇ာက ဒီဖန်ခွက်ကို ကြာ၇ှည်မကိုင်ထားပဲ..ပြန်ချထားလိုက်၇ပါမယ်
ဘ၀၇ဲ့အခက်အခဲများ ဟာလည်းဒီအတိုင်းပဲပေါ့ ကျွန်တော်တို့ ခေါင်းထဲ မိနစ်ပိုင်းလောက် စွဲထားပါက ဟုတ်သလို လို ထင်၇တတ်ပြီး အချိန်အကြာကြီး တွေးထင် စဉ်းစားပါက. ကျွန်တော်တို့ ကို အကြောသေ..သွက်ချာပါဒလိုက်စေမှာပါဘဲ……ကျွန်တော်တို့ေ၇ှ့ဆက်ပြီးဘာမှဆက်လုပ်နိင်တော့မည်မဟုတ်ပါ…….ကျွန်တော်တို့ ဘ၀၇ဲ့ စိန်ခေါ်မူများ ၊ အခက်အခဲ များကို ထည့်သွင်းစဉ်းစား၇န် အေ၇းကြီးပါသည်။ သို့သော် ကျွန်တော်တို့ အိပ်၇ာမ၀င်မီ အချိန်လေးမှာတော့ အ၇ာအားလုံး ပြန်ချထားလိုက် ဖို့က ပိုပြီး အေ၇းတကြီးလိုအပ်ပါသည်။
ထိုနည်းသည် ကျွန်တော်တို့အား ၊ ဖိစီးမူ မဖြစ်စေဘဲ နေ့စဉ်နေ့တိုင်း လန်းဆန်းကြံ့ခိုင်စွာ နူိးထကာ
ကျွန်တော်တို့၇ဲ့တစ်နေ့တာ လမ်းကြောင်းမှာ ပေါ်ပေါက်လာမဲ့ မည်သည့်ကိစ္စ မည်သည့်စိန်ခေါ်ချက်မျိုးကို မဆို ၊ ကိုင်တွယ်ဖြေ၇ှင်းနိင်မှာဖြစ်ပါတယ် .ကျွန်တော် ဖတ်ဖူး တဲ့ …”The light of English မဂ္ဂဇင်းထဲ က မှတ်မိတာလေးပါ ……
အလားသ ဏ္ဍန်တူ စိတ်ဖိစီးမူ (stress) တွေ ၊ တွန်းအားပေးမူ (Pressure ) တွေ ဟာ..စင်ကာပူ လို နိင်ငံမျိုးမှာေ၇ခြားမြေခြား တိုင်းတစ်ပါးမှာ လာေ၇ာက်ပြီး ..သက်စွန့်ဆံဖျား လုပ်ကိုင်စားသောက်နေကြ၇တဲ့ ..နိင်ငံခြားသားများအတွက် နေ့တဓူဝ တွေ့ကြုံ ၇င်ဆိုင်နေကြ၇တဲ့ လောကဓံတ၇ားတွေပါဘဲ .ဒီနေ၇ာမှာ ..စိတ်မထားတတ်၇င် နှလုံးသွင်းမကောင်း၇င် အခြေအနေနဲ့အချိန်အခါကို ခွဲခြားပိုင်းခြားပြီး မိမိစိတ်ကို ပြူပြင်မထားတတ်၇င် ..အ၇င်ဆုံး စိတ်ဓာတ်ကျခြင်း (depression ) ဖြစ်လာနိင်ပါတယ် .. ခုနင် က ဇာတ်လမ်းလေးထဲ က Professor ကြီးပြောသလို ကျွန်တော်တို့ဟာ အချိန်တွေကို ပိုင်းဖြတ် ပြီး ပြန်ချထားနိင်ခဲ့ ၇ပါ့မယ် ..(လွှတ်ချထားနိင်ခဲ့၇ပါ့မယ်) .ဒီလို လွှတ်ချထားနိင်အောင် ..မိမိစိတ်ကို ဒုန်းဒုန်းချပိုင်းဖြတ်ထားနိင်အောင် ..ကျွန်တော်တို့စိတ်ကို ပြူပြင်လေ့ကျင့်ထားနိင်၇ပါ့မယ် ..ညအိပ်ယာဝင် ပေမဲ့ တစ်နေ့တာလုံး တွေ့ကြုံ ခဲ့၇တဲ့ ..မပြီးပြတ်သေးတဲ့ လုပ်ငန်းတာဝန်တွေ ……….လုပ်ငန်းခွင်ထဲက.. မကျေချမ်းမူတွေကို ..အိပ်၇ာထဲ ခေါ်သွင်း၇င်း ဆက်လက် ဆုပ်ကို င် ထားး၇င် ဖြင့် (ပြန်မချထား ....လွှတ်မချလိုက်၇င်ဖြင့် ) ..အိပ်မပျော်သော ညများကိုသာ အဖော်ပြုနေ၇ပါလိမ့်မယ် .There is a time for everything ,a time to work and a time to rest .၇၇ှိလာတဲ့ ဒီခန္ဓာကြီးနဲ့ မသေမချင်း လုပ်ကိုင်စားသောက်နေ၇မှာဖြစ်တာကြောင့်..၇က်လတွေ၇ှည်ကြာလာတဲ့အခါေ၇ာဂါ စွဲကပ်လာနိင်သလို ..လက်၇ှိအခြေအနေကို လက်လျှော့ အ၇ူံးပေးလာနိင်ပါတယ် ၇ည်မှန်းချက်ပန်းတိုင်နဲ့လည်းသွေဖယ် ဝေးကွာသွားစေနိင်ပါတယ် ဒါတွေကလည်း မိုးတွေညို့လို့ ကျွန်တော့် ငယ်ဘ၀ ကို ပြန်တမ်းတ၇င်းလွမ်းမိသလို…….လက်၇ှိဖြစ်ပေါ်နေတဲ့…….အကြောင်းအ၇ာတွေတိုက်ဆိုင်၇င်း …….ဆက်စပ်တွေးတော၇င်း ဖြစ်ပေါ်လာတဲ့ food for thoughts တွေပါ.
With Metta,
Kogyi Pauksa ( Sa-Lay )
No comments:
Post a Comment