Tuesday, August 30, 2011

စာရေးခြင်းအလုပ်သည် ကောင်း၏


( ၁ )

စာရေးချင်တဲ့စိတ် ၊ စာဖတ်ချင်တဲ့စိတ်ကို ဘယ်အချိန်ကစ ပြီးဖြစ်ခဲ့သလဲလို့ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်တဲ့အခါ …..

ကျွန်တော်ငယ်စဉ်အခါ ကျောင်းသားအရွယ်တုန်းကစ ခဲ့တာလို့ မှတ်မိပါတယ် ။ကျွန်တော်ငယ်စဉ်က မူလတန်း ၊ အလယ်တန်း အထက်တန်း ပညာကို ကျွန်တော်ကြီးပြင်းခဲ့တဲ့ ( ကြီးပြင်းခဲ့တာဆိုတော့ မွေးတဲ့မြို့ မဟုတ်ဘူးပေါ့ ) မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်း ၊ ချောက်မြို့နယ်ထဲက စလေမြို့လေးက တစ်ခုတည်းသော အထက်တန်းကျောင်းမှာ သင်ကြားခဲ့ရတာပေါ့ ..။

စာကိုရေးချင်တာနဲ့ ဖတ်ချင်တဲ့စိတ် နှစ်မျိုးမှာ စာဖတ်ချင်တဲ့စိတ်က အရင်စ ဖြစ်တာပါ..ဘာလို့လဲဆိုတော့..ကျွန်တော်စာစ ဖတ်ဖြစ်တာ ( ပြင်ပဗဟုသုတ အနေနဲ့ ) စာစ ဖတ်တတ်ကာစ ဒုတိယတန်းအရွယ်ကပေါ့ ..ကျွန်တော့မွေးရပ်ဇာတိရွာ ကလေးက …ခုနင်က ကျွန်တော်ကြီးပြင်းခဲ့တဲ့ မြို့လေးရဲ့အနောက်ဖက်မှာရှိတဲ့ ..ရွှေမြင်းတင်တောင်ခြေက..တနစ်တစ်ခါ ၀ါဆိုဝါခေါင်မှာ ..ရေမြုပ်တတ်တဲ့..ပဒေသာကျွန်းရွာကလေးပေါ့..။

အဲဒီရွာကလေးရဲ့ တစ်ခုတည်းသော..မူလတန်းကျောင်း ( ယခင်အခေါ် ပြည်တော်သာကျောင်း )..ဒုတိယတန်းနှစ်မှာ..ပုံနှိပ်စာရွက်ပိုင်းကလေးတစ်ခုက ဇာတ်လမ်းလေးတစ်ဝက်တစ်ပျက်ကိုဖတ်မိပြီး..အဲဒီဇာတ်လမ်းထဲက..ကျေးတောသား နွားကျောင်းသားလေးတစ်ယောက်ရဲ့.အင်ဂျင်နီယာကြီးဖြစ်သွားတဲ့အကြောင်းကစ ပြီး..အနာဂါတ်ဆိုတာကို စိတ်ကူးယဉ်အိပ်မက်စ မက်ဖြစ်ခဲ့တာ..ဆိုတော့..ကျွန်တော်ရဲ့စာဖတ်ချင်တဲ့စိတ်ကို..အဲဒိအရွယ်ကစ ခဲ့တယ်လို့..ပြောလို့ရတာပေါ့လေ…

( ၂)

အဲဒီနောက်..ပညာအရည်အချင်း အခြေခံမူလတန်းအဆင့်သာရှိသော်လည်း..ဘ၀အမြော်အမြင်ကြီးတဲ့ကျွန်တော့ဖခင်ရဲ့ဦးဆောင်မှူနဲ့..ကျွန်တော်တို့မိသားတစ်စု..အဲဒီတောရွာကလေးကနေ..မြစ်တစ်ဘက်ကမ်းက အစိုးရစီမံကိန်းစက်ရုံ ( အမှတ် - ၁ , ယူရီးယားဓါတ်မြေသြဇာစက်ရုံ ) တည်ဆောက်ရာ..စလေမြို့လေးကို ပြောင်းရွေ့ခဲ့ရတယ်..။

စလေမြို့ အထက်တန်းကျောင်းကိုရောက်တဲ့အခါ..ကျောင်းစာကြည့်တိုက်မှာ..နေ့စဉ် စာဝင်ဖတ်ဖြစ်ခဲ့တယ်..ကြာလာတဲ့အခါ..ကျောင်းစာကြည့်တိုက်မှူး..အလယ်တန်းပြဆရာ..ဆရာဦးဝင်းသိန်းက..ကျွန်တော့်ကို..ကျောင်းစာကြည့်တိုက်မှာ တာဝန်ပေးခဲ့တယ်..အဲဒီမှာ ကိုယ်မမြင်ဖူး မဖတ်ခဲ့ရဘူးတဲ့ ..စာကြည့်တိုက်မှာရှိတဲ့ စာအုပ်တွေအားလုံးနီးပါး ဖတ်ခွင့်ရခဲ့တယ်..အဲဒီတုန်းကတော့..ကမ္ဘာ့သမိုင်း..မြန်မာ့သမိုင်းရာဇ၀င်တွေ..ရောမအင်ပါယာ..ထရွိုင်းမြို့ပုံပြင်တွေ..စလေဦးပုညစာတွေ..

အလယ်တန်းအရွယ်ရောက်တော့..ကျောင်းကနံရံကပ်စာစောင်တွေမှာ ကဗျာတွေစ,ပြီး ရေးဖြစ်ခဲ့ပြီ..GTI ရောက်တဲ့အခါအထိ ကျောင်းက နံရံကပ်စာစောင် ၊ လက်ကမ်းစာစောင်တွေမှာ ကိုယ့်ကဗျာလေးတွေပါနေပြီ..ဒီနေ့ အင်တာနက်ခောတ် နဲ့..ဒီနိုင်ငံမှာ..နံရံကပ်စာစောင်မရှိပေမယ့်..ကိုယ့်မှာ ကိုယ်ပိုင် စာကြည့်တိုက်ကလေးတစ်ခုနဲ့အတူ..ကိုယ်ပိုင် နံရံကပ်စာစောင် ( BLOG ) ကလေးရှိနေပြီ..ကိုယ်ဖတ်ချင်တာအချိန်မရွေးဖတ်နိုင်သလို..ကိုယ်ရေးချင်တာ..ကိုယ်ပေးဝေမျှချင်တာ..ကို့ယ့်ဝါသနာအလျောက်..ရေးနေမျှဝေလို့ရနေပြီ..

အဲဒီတော့..စာရေးခြင်းကို..အလယ်တန်းအရွယ်ကစ, ခဲ့တာ..ပေါ့..၊

စာရေးချင်သူဖြစ်တဲ့အတွက်..စာဖတ်ရတာပေါ့..

စာများများရေးချင်လေလေ..စာများများဖတ်ဖြစ်လေလေပါဘဲ..

ရေးချင်တဲ့အခါ..စိတ်ဆာတဲ့အခါ..ရေးနိုင်ဖို့..ကိုယ်ပေးချင်တာ မျှဝေချင်တာလေးတွေ ပေးဝေ မျှဝေနိုင်ဖို့ .. ကိုယ့်နံရံကပ်စာစောင်..kogyikopauksa.blogspot.com မှာ..ရေးဖြစ်တင်ဖြစ်တာပေါ့..

စာရေးချင်လို့ စာရေးတဲ့အတွက်..ရရှိတဲ့အကျိုးကျေးဇူးတွေက..စာများများပိုပြီးဖတ်ဖြစ်ခဲ့တယ်..စာရိုက်တဲ့အခါမှာ မြန်မာစာလုံးပေါင်းကို ယခင်ကထက် ပိုပြီးဂရုစိုက်ဖြစ်တယ်..အလေ့အကျင့်နည်းလွန်းလို့..စာတစ်ပုဒ်ကို (၂) နာရီလောက် အချိန်ကြာအောင်ရိုက်ရပေမယ့် ..အင်တာနက်စာမျက်နှာပေါ်ရောက်သွားတဲ့ ကိုယ့်စာကို..ကိုယ်ပြန်ဖတ်ဖြစ်လိုက်တဲ့အချိန်မှာ..စာရိုက်တုန်းကခံစားခဲ့ရတဲ့ ခါးနာတာတွေ..မျက်စိညောင်းတာတွေ အလိုလိုမေ့ပျောက်သွားပြီး..ဖြစ်ပေါ်လာတဲ့ပီတိက..ဘယ်အရာနဲ့မှ နှိုင်းပြလို့ မရနိုင်ပါဘူးဆိုတာ..၀ါသနာတူသူတိုင်းနားလည်ကြပါတယ်….။

ကိုယ်ကြိုက်နှစ်သက်တဲ့ စာတစ်ပုဒ်ကို ပြန်လည်ကူးယူပြီး ကိုယ့်လိုဘဲ နှစ်သက်မယ့် စာဖတ်သူတွေကို ပြန်လည်ကူးယူပြီးမျှဝေရတာကလည်း..ကိုယ့်အတွက် စာရိုက်တဲ့ အလေ့အကျင့်ကောင်းရသလို အဲဒီစာကိုလည်းအလွတ်လောက်နီးနီးကျက်မှတ်ဖြစ်သွားပြီး ..ထူးခြားတဲ့ကြည်နူးမှူနဲ့အတူ..ကုသိုလ်လည်းရတဲ့ ၀ါသနာတစ်မျိုးလို့မြင်မိပါတယ်..

စာရေးတာ..စာဖတ်တာဟာ..ကောင်းတဲ့အလေ့အကျင့်ပါ..

စာများများရေးနိုင်ဖို့..စာများများဖတ်ရပါတယ်..စာစုံအောင်ဖတ်ရပါတယ်..

စာများများရေးနိုင်တဲ့..စာရေးသူများ..စာရေးဆရာများကို ကျွန်တော် အလွန်ကြည်ညိုလေးစားပါတယ်..။

စာများများဖတ်ဖြစ်တော့..ကိုယ့်အတွက်ဗဟုသုတအသစ်တွေ တိုးပွားရသလို ကိုယ်သိတဲ့ဗဟုသုတကို..သူများကိုမျှဝေပေးနိုင်..ကူညီနိုင်တဲ့အတွက်..ထူးမြတ်တဲ့ ဒါနကုသိုလ်တစ်ခုလို့ဆိုနိုင်ပါတယ်..။

စာများများရေးနိုင်…ဖတ်နိုင်ကြပါစေ…

စာဖတ်တဲ့စာရေးတဲ့ အလေ့အကျင့်ဟာ..အလွန်ကောင်းပါတယ်..လို့တိုက်တွန်းလိုက်ပါရစေ….။

မေတ္တာဖြင့်..

ကိုကြီးပေါက်စ ( စလေ )

၃၀.သြဂုတ်လ.၂၀၁၁

၁၂:၅၁ မိနစ်

ထာဝရ……အမှတ်တရ..သို့

(၁)

တနေ့မှာ…သူငယ်ချင်းကိုဝင်းနိုင်က ကျွန်တော့်ကိုပြောလာခဲ့တယ်…

“အခု..ငါ လက်တွေ့လုပ်နေ ၊ ကျင်လည်နေတဲ့ ငါ့လုပ်ငန်းခွင်က ငါ့ရဲ့အတွေ့အကြုံလေးတွေကို ..နေခဲ့တဲ့ငါတို့ကျောင်းမှာ လက်ရှိပညာသင်ကြားနေကြတဲ့ ..ညီငယ် /ညီမငယ်လေးတွေကို မျှဝေပေးချင်တယ် ၊ အဲဒီအတွက် ကူညီစီစဉ်ပေးပါတဲ့ …”

သူက လောလောဆယ်..ဒီစင်ကာပူက AIR CON; Company တစ်ခုမှာ တာဝန်ထမ်းဆောင်နေသလို ၊ ဒီ့အရင်ကလည်း အရှေ့အလယ်ပိုင်း နိုင်ငံတစ်ခုမှာ ဒီ AIR CON; INSTALLATION FIELD မှာ နှစ်အတော်ကြာလုပ်ခဲ့ဘူးတဲ့ အတွေ့အကြုံရှိပြိးသား …ဒါပေမယ့်..ကျောင်းမှာတုန်းက..ကျနော့လိုဘဲ..Mechanical ( Tools and Design ) ပါ ။

သူ့ဆီက ဒီစကားကိုကြားမိတော့ ကျွန်တော့ရင်ထဲဖော်မပြနိုင်လောက်အောင် ၀မ်းသာသွားမိသလို..သူ့ကိုအလွန်လေးစားတဲ့ စိတ်လည်း ဖြစ်မိပါတယ် ။ကိုယ်ကိုယ်တိုင်မလုပ်နိုင်သေးတဲ့ ဆန္ဒလေးတစ်ခုကို သူကလက်တွေ့လုပ်ပြတော့မယ်ဆိုတော့ …နေ့ခြင်းဘဲ ချောက် GTI က ဆရာ ဦးစိုးနိုင် (84 – EP ) ယခုလက်ရှိ ဌာနစုမှူး ( စီမံ ) ကို ဖုန်းဆက်အကြောင်းကြားမိပါတယ် ။

ကိုဝင်းနိုင်ကလည်း ကျောင်းဆရာလူထွက် ( မှော်ဘီ - GTC ) ၊ ကျွန်တော်ကလည်း ကျောင်းဆရာလူထွက် …ဆရာဦးစိုးနိုင်ကလည်း မိခင်ကျောင်းတော်ကြီးမှာ လက်ရှိတာဝန်ထမ်းဆောင်ဆဲ…ဆိုတဲ့ ဘ၀တူတွေ…စိတ်ဆန္ဒခြင်း..၀ါသနာခြင်းတူသူတွေ.. ဆိုတော့..

“လာနိုင်မယ့်နေ့သာပြောပါဆရာ…အစစအရာရာ..အားလုံးအဆင်ပြေအောင်.. ကျနော်စီစဉ်ပေးပါမယ်..ဒီသတင်းကြားရရုံနဲ့တင်.. ၀မ်းသာလှပါပြီဆရာ..” တဲ့ ။

ကဲ…….ကိုဝင်းနိုင်ရဲ့..သူ့ခရီးစဉ်နဲ့…Presentation အတွေ့အကြုံလေးတွေကို.. သူ့ရဲ့ပင်ကိုယ်ရေး အောက်ကဆောင်းပါးမှာ..ဖတ်ကြည့်ကြရအောင်…ဆောင်းပါးနာမည်ကိုတော့..”ထာဝရ..အမှတ်တရ..သို့..” လို့..ကျွန်တော်ကပဲ..အမည်ပေးလိုက်ပါတယ် ။

ထာဝရ……အမှတ်တရ..သို့ ( ၀င်းနိုင် - ဒိုက်ဦး )

(၂)

၂၄-၀၇-၂၀၁၁ ( တနင်္ဂနွေနေ့ )…ညနေ..၅နာရီ ၊ ၃၀ မိနစ် ။

အောင်ဖေယျ Express ကားပေါ်မှာ….

လူကသာ ကားပေါ်မှာထိုင်နေပေမယ့် မိမိရဲ့စိတ်အစဉ်က မော်တော်ကား၏အမြန်နှုန်းနဲ့အတူ လွင့်မျောနေမိတယ် ၊ …

အတိတ် ၊ ပစ္စုပါန် ၊ အနာဂါတ် ဆီသို့….

၁၉၈၁ - ခုနှစ် သခင်ဘိုးလှကြီးစက်မှူလက်မှူသိပံ့ ၊ ချေက်မြို့ကို စက်မှူအင်ဂျင်နီယာ ( ပုံစံပြု ) သင်တန်းကိုတက်ရောက်ဖို့အတွက် “မြေလတ်သား “ ကားကြီးကို ကုန်ဈေးတန်းလမ်း ၊ ရန်ကုန်ကနေ ၊စီးနင်းလိုက်ပါခဲ့ရတဲ့ အတိတ်က ကာလလေးတွေကို လွမ်းလာသလိုလို ၊ ခံစားခဲ့မိတယ် ။

CGTI Family ( Singapore ) က ပံ့ပိုးခဲ့တဲ့ ‘ပညာဒါန ‘ ပွဲတစ်ခုအတွက် သခင်ဘိုးလှကြီးစက်မှူလက်မှူသိပံ့ ၊ ချောက်သို့ အသွား Express ကားပေါ်လိုက်ပါရင်း လက်ရှိလမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့မူကို တွေ့ရတော့ ကြည်နူးသလိုလိုဖြစ်မိပါရဲ့ ။

နောက်ပြီးတော့လည်း ပညာဒါန အစီအစဉ်အတွက် ဆွေးနွေးတင်ပြရမယ့် အချက်အလက်တွေကို စဉ်းစားသုံးသပ်ရင်း စိတ်ထဲမှာ ပြင်ဆင်နေမိပါတယ် ။သတိအနေအထားလေး တစ်ခုနဲ့ပေါ့ ။

၂၅-၀၇-၂၀၁၁ ( တနင်္လာနေ့ ) ( ၁၀:၀၀ နာရီ )

မနက်ပိုင်းမှာဘဲ ဦးဌေးဝင်း ( ကိုကြီးပေါက်စ - စလေ ) ရဲ့စီစဉ်ပေးမှူအတိုင်း ဆရာဦးစိုးနိုင်မှတဆင့်..ကျောင်းအုပ်ဆရာကြိးကို တွေ့ဆုံခဲ့ပါတယ် ။

ဆရာကြီးရဲ့နွေးထွေးတဲ့ ကြိုဆိုမှူနဲ့ ပညာဒါနအတွက် စံနစ်တကျ စီစဉ်ထားရှိမှူ ၊ ဆရာ ၊ ဆရာမများ ၀န်ထမ်းများရဲ့ အားတက်သရော ပံ့ပိုးမှူများကြောင့် ရင်ထဲတွင်ပြောမပြတတ်အောင် ကြည်နူးမိပါတယ် ။

၂၆-၀၇-၂၀၁၁ ( အင်္ဂါနေ့ ) ( ၁၂:၃၀ နာရီ ) ။

ပညာဒါနပွဲကလေးကို ကျောင်းအုပ်ကြီးနှင့်တကွ Mechanical Engineering Department မှ ဆရာ ဆရာမများ ၊ ကျောင်းသူ ကျောင်းသားများ စိတ်ပါဝင်စားစွာ တက်ေ၇ာက် နားထောင်ခဲ့ကြပါတယ် ။

ကျွန်တော်က လုပ်ငန်းခွင်နဲ့ အဓိကဆက်နွယ်နေတဲ့ Installation မှာ အခြေခံအကျဆုံး Shop Drawing ကြည့်နည်းကို အဓိကထား ဆွေးနွေးခဲ့ပါတယ် ။

ဆရာ ၊ ဆရာမများ ၊ ကျောင်းသူကျောင်းသားများ ဂရုတစိုက် မှတ်သားနားထောင်ကြတာမြင်တွေ့ရလို့ အရမ်းကို ကြည်နူးပျော်ရွှင်မိပါတယ် ။

ကျနော်ကိုယ်တိုင်လည်း ဟောပြောနေစဉ် တလျောက် ကျောင်းသူ ကျောင်းသားများရဲ့ စိတ်အာရုံကို ဂရုတစိုက်အကဲခတ် ကြည့်ခဲ့ပါတယ် ။

နောက်ပိုင်းမှာထိုင်နေတဲ့ ကျောင်းသားတစ်ချို့ကလွဲလို့ ကျန် ကျောင်းသားကျောင်းသူများ ဂရုတစိုက် လိုက်ပါဆွေးနွေးခဲ့ကြပါတယ် ။

၂၇-၀၇-၂၀၁၁ ( ဗုဒ္ဒဟူးနေ့ ) ( ၁၀:၀၀ နာရီ )

ဆရာကြီးနှင့်တကွ ဆရာဆရာမ များ က ကျေးဇူးတင်ကြောင်း ပြောကြပါတယ် ။ကလေးများရဲ့စာမေးပွဲအတွက် သင်ခန်းစာများအချိန်မှီပြီးပြတ်အောင် သင်ကြားနေရတဲ့အတွက် ဒီဟောပြောပွဲကို အချိန်ထပ်တိုး မပေးနိုင်တာကို နားလည်ပေးဘို့ကိုလည်း ပြောကြားပါတယ် ။

Feed Back အနေနဲ့ကတော့ ဆရာမတစ်ဦးက ဒီဟောပြောပွဲလေးမှတဆင့် ကျောင်းသူ ကျောင်းသားများ ဗဟုသုတတိုးပွားကာ သူတို့ရဲ့အနာဂါတ်အတွက် ပိုမိုအားတက်လာကြောင်း နဲ့ သင်ကြားရေးအတွက်ပါ အလွန် အထောက်အကူပြုကြောင်း ပြောပြခဲ့ပါတယ် ။

ကျောင်းသားတစ်ဦးကလည်း သူတို့ဘက်မှ အတတ်နိုင်ဆုံး ကြိုးစားနားထောင်ပါကြောင်း ၊ သို့သော်လည်း တစ်ချို့ Drawing များကို လုံးဝနားမလည်ပါကြောင်း ရိုးသားစွာဝန်ခံပြောပြပါတယ် ။

ဆရာမက ထပ်ပြီးပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် ကျနော့အတွက်ပိုမိုအံ့အားသင့်ပြီး အခုလိုမျိုးပညာဒါနပွဲများ ထပ်မံပြုလုပ်ချင်တဲ့စိတ်တွေ ကျွန်တော့်ရင်ထဲမှာ တဖွားဖွားဖြစ်ပေါ်လာမိခဲ့ပါတယ် ။

“ကျောင်းသားတစ်ရောက်က ပြောတယ်ဆရာရယ်..ဆရာရဲ့ Fan Installation လုပ်ထားတဲ့ပုံကို Projector ကနေ တဆင့်ကြည့်ရပေမယ့် ၊ သူ့အနေနဲ့ ဘယ်ဟာက Fan ဆိုတာတောင် မသိပါဘူးတဲ့ “ … …

ကဲ……ကျနော်တို့တစ်တွေ..အမိကျောင်းတော်မှ.. အနာဂါတ်ရတနာလေးများအတွက်..တစ်ဦးချင်း ၊ ကိုယ်စွမ်း ၊ ဥာဏ်စွမ်းရှိသလောက် “ပညာဒါန “ ပြုကြပါစို့လို့ လေးစားစွာ တိုက်တွန်းလိုက်ပါတယ် ။

ကျွန်တော်ကိုယ်တိုင်လည်း နောက်ထပ်တစ်ခါ ပညာဒါန ပြုလုပ်ဖို့ ဆက်လက်အားထုတ်နေပါဦးမယ် ။

ဝင်းနိုင် ( ဒိုက်ဦး )( 84 – MT )

….ဒီမှာ..သူ့ရဲ့အတွေ့အကြုံ..ခံစားချက်လေးများကို..ဖတ်ပြီးတဲ့အခါ..

လက်ရှိစာသင်ခန်းထဲက ကျောင်းသင်္ခန်းစာ နဲ့ တကယ့်လက်တွေ့ လုပ်ငန်းခွင်အတွေ့အကြုံများရဲ့ ကွာခြားချက်ကို တွေ့ရမှာဖြစ်ပါတယ် ။

(ကိုဝငိးနိုင်ရဲ့ Presentation Video တစ်ချို့ကို Chaukgtifamily.org မှာ ၀င်ရောက်ကြည့်နိုင်ပါတယ် )

ခုနင်ကပြောခဲ့တဲ့..ကွာခြားချက်ကို တတ်နိုင်သမျှနီးစပ်အောင် ကျွန်တော်တို့ဘယ်လိုကူညီနိုင်ကြမလဲဆိုတာ စဉ်းစားမိရင်း..ကိုဝင်းနိုင်လို..စေတနာရှင်ပုဂ္ဂိုလ်မျိုး ...တစ်ဦးပြီးတစ်ဦးပေါ်ပေါက်လာမယ်ဆိုရင်တော့…ဒါဟာလည်းထိရောက်တဲ့..ကူညီခြင်း..ကွာခြားတဲ့ GAP ကိုပို၍နီးစပ်အောင်ပြုလုပ်ခြင်း နည်းတစ်ခုပါဘဲလို့..စဉ်းစားမိပါတယ် ။

မိမိဘ၀ တစ်သက်တာအတွက်..ထာဝရမမေ့နိုင်တဲ့…အမှတ်တရလေးများထဲက..ထင်ရှားတဲ့မှတ်တိုင်လေးတစ်ခုပါဘဲလို့…..

( ကိုကြီးပေါက်စ )

Sunday, August 28, 2011

ကင်ဆာရောဂါနှင့် သင်္ဘောရွက်

ကင်ဆာရောဂါနှင့် သင်္ဘောရွက် (ကိုယ်ကိုယ်တိုင် မခံစားရလည်း ခံစားနေရသော မိမိပတ်ဝန်းကျင်ကို မျှဝေပေးခြင်းဖြင့် ကုသိုလ်ယူကြပါစို့...)

လွန်ခဲ့သောနှစ်ပေါင်း ၃၅ နှစ်ကျော်က ဖြစ်သည်။ မြ၀တီစာပေတိုက်တွင် ကျွန်တော်အယ်ဒီတာချုပ် အဖြစ် တာဝန်ထမ်းဆောင်နေချိန်က ဖြစ်သည်။ တစ်နေ့တွင် ကျွှန်တော်နှင့်ခင်မင်ရင်းနီးသော ဆရာ ၀န်ကြီး ဒေါက်တာတင်အောင်သည် ကျွန်တော်ထံသို့လာ၍ စကားစမြည်ပြောရာမှ ထူးခြားသောသူ၏ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ပြောပြသွားသည်။ ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည် ရန်ကုန်ဆေးရုံ ကြီးဓါတ်ရောင်ခြည်ဌာနတွင် တာဝန်ခံဆရာဝန်ကြီးတစ်ဦးဖြစ်သည်။ (ဆောင်းပါးနည်းနည်းရှည်သည် အချိန်သိပ်မရှိသော စာဖတ်ချစ်သူများ မိမိဘာသာမိမိ အပိုင်းအပိုင်း ခွဲ၍ ဖတ်ကြပါလေ)

“ကင်ဆာနဲ့ပတ်သက်ပြီး ထူးခြားတဲ့ ကိုယ်တွေ့ဖြစ်ရပ် တစ်ခုကို ကျွန်တော် ပြောပြချင်တယ်။ လွန်ခဲ့တဲ့ ၅ လကျော်လောက်က ကျွန်တော်တို့ဌာနကို ကင်ဆာဝေဒနာရှင် ဆရာတော်တစ်ပါး ရောက်လာ တယ်။ ဆရာတော်က ကင်ဆာရနေလို့ ဓါတ်ရောင်ခြည်ကင်ဖို့ သက်ဆိုင်ရာ ဆရာဝန်ကြီးများရဲ့ ညွှန်ကြားချက်လည်းပါလာတယ်။ ကျွန်တော်တို့က ဆရာတော်ကို ဓါတ်ရောင်ခြည်ကင်ဖို့စီစဉ်တော့ ဆရာတော်က လက်မခံဘူး။ ပြန်ကြွသွားတယ်။ အဲ့ဒီလိုနေလာရာက ၃-လကျော်လောက် အကြာမှာ အဲဒီဆရာတော် ပြန်ကြွလာတယ်။ ကျွန်တော်သူရောဂါကို စစ်ဆေးကြည့်တဲ့အခါ ကင်ဆာရော ဂါ ပျောက်ကင်းနေတာကို တွေ့ရတယ်။ ကျွန်တော်တို့လည်းအံ့သြမဆုးံဖြစ်သွားတယ်။



ဒါနဲ့ ‘ဆရာတော်ဒီကြားထဲ ဘာဆေးတွေ သောက်လဲလို့ မေးကြည့်တယ်။ ဆရာတော်က သင်္ဘော ရွက်အစိမ်းတွေကိုပဲ အရည်ညှစ်သောက်တယ်’ လို့ပြောပြတယ်။ သည့်နောက် ဆရာတော်လည်း ၀မ်းသာအားရ ပြန်ကြွသွားတာပဲ။ ဆရာတော်ရဲ့ ကင်ဆာရောဂါဟာ သင်္ဘောရွက် အစိမ်းကြောင့် ပျောက်တယ်ထင်တာပဲ၊ အတိအကျတော့ မပြောနိုင်ဘူး။ ဆေးသိပ္ပံသဘောအရ တစ်ဦး တစ်ယောက် သင်္ဘောရွက်ကြောင့် ကင်ဆာပျောက်တယ်ဆိုပေမဲ့ အားလုံးပျောက်လိမ့်မယ်လို့ ကောက် ချက်ချ မပြောနိုင်ဘူးဆရာ။ ကင်ဆာအမျိုးအစားနဲ့ ကင်ဆာလူနာပေါင်းများစွာကို စမ်းသပ် ကြည့်ပြီး ပျောက်မှ အတည်ပြုပြောနိုင်မှာပါ။ ထူးခြားတာကတော့ အမှန်ပဲဆရာ” ဟူ၍ ဆရာဝန်ကြီးဒေါက်တာ တင်အောင်က ပြောပြခဲ့သည်။ ကျွန်တော်လည်း ထိုစဉ်ကပင် သင်္ဘောရွက် စိမ်းအာနိသင်ကို သတိပြုမိသည်။ ၁၅-နှစ်ခန့်ကြာသောအခါ ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည် ကွယ်လွန် သွားရှာသည်။

ကျွှန်တော်လည်းကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်း သူ၏ပြောပြချက် ကို မေ့မေ့ပျောက် ပျောက် ပင်ရှိခဲ့သည်။ ဤသို့ရှိရာမှ မကြာမီက ရန်ကုန်မြို့မဟာသိမ်တော်ကြီး ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရက လက်ကမ်းစာစောင် ကလေးတစ်စောင်ကို မြတ်မင်္ဂလာတွင် လိုသလို အသုးံပြုနိုင်ရန် တာဝန်ခံအယ်ဒီတာ ဦးဥာဏ်လင်းအောင်မှတဆင့် ကျွန်တော့်ကို ပေးလိုက်သည်။ ဤလက်ကမ်း စာစောင်တွင် “ကင်ဆာရောဂါပျောက်စေသောသင်္ဘောရွက်” ဟူသော ဆောင်းပါးတစ်ပုဒ် ပါလာ သည်။ ရေးသားတင်ပြသူမှာ ဒေါက်တာခင်ရွှေ ( တိရစ္ဆာန်ဆေးကုဆရာဝန်) ဟူ၍ ဖော်ပြထားသည်။

ကျွှန်တော်ဖတ်ရူလေ့လာကြည့်ရာ ကင်ဆာရောဂါ ပျောက်စေသော သင်္ဘောရွက်အကြောင်း စုံစုံ လင်လင် ရေးသားထားသည်ကို တွေ့ရသည်။ ဤတွင်ကွယ်လွန်သူဆရာဝန်ကြီင်္း ဒေါက်တာ တင်အောင်၏ ကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်းပြောကြားချက်ကို သတိရကာ အများပြည် သူတို့ ဖတ်ရူနိုင်ရန် ထပ်ဆင့်တင်ပြပါသည်။ ကျွန်တော်သည် ဆရာဝန်လည်းမဟုတ်ပါ။ ဆေးဆရာ လည်းမဟုတ်ပါ။ ဆေးမြီးတို အကြောင်းရေးသားသူလည်း မဟုတ်ပါ။ သို့ရာတွင် ဤဖြစ်ရပ်၊ ဤ ဆောင်းပါးတို့သည် ကင်ဆာ ရော ဂါဝေဒနာရှင်တို့အတွက် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကျိုးပြုနိုင် လိမ့်မည်ဟုထင်မြင်ကာ မူရင်းအတိုင်း ကုသိုလ်ပြု တင်ပြအပ်ပါသည်။

ဒေါက်တာခင်ရွှေ (တိရစ္ဆာန်ဆေးကုဆရာဝန်) ဘာသာပြန်တင်ပြသော ဆောင်းပါးအပြည့်အစုံ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ “သင်္ဘောပင်ကို အပူပိုင်း အမေရိကန်နိုင်ငံတွင် စ-တင်စိုက်ပျိုးနေကြ သည်။ လက်တင်ဘာသာအားဖြင့် ( Carica Papaya ) ဟုခေါ်ပြီး သြစတြေးလျနှင့် နယူးဇီလန် တွင် ပေါပေါဟု ခေါ်ဆိုသည်။ မြောက်အမေရိကရှိ လက်တင်ဘာသာအားဖြင့် ( Asi-mina Tirbola ) နှင့်ရှိသော အပင်နှင့်မတူချေ။ ၎င်းကိုလည်း ပေါပေါဟုခေါ်ဆိုသည်။ နှစ်ပင်စလုံး ဆေးဖက်ဝင်ပါသည်။ သင်္ဘောရွက်အရည်သည် သြစတြေးလျနိုင်ငံ ရွှေကမ်းခြေရှိလူများအား ကင်ဆာရောဂါပျောက်စေပါသည်။

စာရေးဆရာ ( Harold Tieze )က ၎င်းစာအုပ်တွင် မည်သို့မည်ပုံ အဆီထုတ်မည်နှင့် ကင်ဆာပျောက် ကင်းသူတို့၏ ဇာတ်လမ်းတို့ကို အတိအကျ ရေးသားထားသည်။ ဤစာအုပ်တွင် ရွှေကမ်းခြေလက် ကမ်းစာစောင်တွင်ပါရှိသော အောက်ပါ အစီရင်ခံစာကိုဖော်ပြပါမည်။ “ပေါပေါသည် ကင်ဆာပျောက် သစ်သီးဖြစ်သည်။ ဥယျာဉ်မူးတို့သည် ကင်ဆာရောဂါရှင်တို့၏ သင်္ဘောရွက်အလှူခံမူကို အားပေး ကြသည်။ လွန်ခဲ့သော ၁၄- နှစ်က ဤအရပ်နေသူသည် ကင်ဆာရောဂါပျောက်ကြောင်း အရွက်၏ ဂုဏ်သတ္တိကိုထုတ်ဖော်ပါသည်။ ၎င်းကိစ္စကိုခြေရာခံလိုက်ရာ သူနာပြုဆောင် ရောက်သွားပါသည်။ မစ္စတာစတန်ရှယ်တန်သည် ပြုတ်ထားသော သင်္ဘောရွက်သတ္တုရည်ကို သောက်ခြင်းဖြင့် ပိန်းကြာ ရွက်ပေါ် ရေမတင်သကဲ့သို့ ကင်ဆာရောဂါ ရှောရှောရှူရှူ ပျောက်သွားသည်။

အမေရိကန်၌ သုသေသနလုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား ရရှိပါသည်။ ၎င်းသုသေသန၌ သင်္ဘောပင်မှ ဓာတုပစ္စည်းတစ်ခုကို ထုတ်နုတ်ရာ ကင်ဆာရောဂါ အဆတစ်သောင်းခန့် ထက်မြက် သွားပါသည်။ မစ္စတာရှယ်တန်က ဤတွေ့ရှိမူသည် ကျွန်ုပ်ကို သောက်သုံးရန် အကြံပေးခဲ့ပါသည်။ ကျွနှ်ပ် နှစ်လ စမ်းသောက်ကြည့်သည်။ ကျွန်ုပ်သည် တီဘီရောဂါကို ဓါတ်မှန်ဖြင့်အဆုတ် စစ်ဆေးခဲ့ သည်။ ဆရာဝန်တို့က ကင်ဆာပျောက်ပြီဟု ပြောပါသည်။ ထိုနှင့် ကျွန်ုပ်က အထူးကုတို့အား ပြော ကြားရာ ၎င်းတို့က မယုံကြည်ကြချေ။ နောက်ဆုးံ ခေါင်းကုတ်ပြီး ကျွနှ်ပ်က ကင်ဆာရောဂါအတွက် သင်္ဘော ရွက်ကို ပြုတ်သောက်ခဲ့ကြောင်း ထောက်ခံချက်ရေးခဲ့သည်။ ၁၉၆၂-ခုနှစ် ကင်ဆာသည် ဘယ်တော့ မှ ပြန်လည်မဖြစ်ပေါ်ခဲ့ပါ။ ရှယ်တန်၏ဇနီး သည်ကင်ဆာပျောက်ကြောင်း ဆေးမြီးတိုတို့ကို အခြားဝေဒနာ သည်တို့အားဖြန့်ဝေပေးရာ ၁၆-ယောက် ပျောက်ကင်းချမ်းသာပါသည်။

သင်္ဘောရွက်နှင့်ရိုးတံတို့ကိုမသောက်ခင် နှစ်နှစ်ရီကြာဒယ်အိုးထဲတွင် ပြုတ်ထားရပါသည်။သို့သော် ရေခဲသေတ္တာထဲတွင် ထားပါက ၃၊၄ရက် ခံပါသည်။ ထို့နောက် ပုပ်သွားမည်။ နောက်လူတစ်ယောက်က ၁၉၇၈-ခု စာစောင်ပါအတိုင်း ဖတ်ပြီး သင်္ဘောရွက်တို့ကိုဆေးလုပ်ကာ ကင်ဆာရောဂါသည်တို့အား ပေးခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခင် ကင်ဆာရောဂါတွေ့ရှိမူကြောင့် သေမည့်လူတို့သည် ယခုအခါ အသက်ရှင်နေကြသည်။ ထို့ကြောင့် သင်္ဘောရွက်ကုထုံးသည် ကင်ဆာကို တကယ်ပျောက် ကင်းပါသည်။ (ဆေးမြီးတို) သင်္ဘောရွက်အလတ်စားတို့ကို ဆေးကြောပြီး ဂေါ်ဖီကဲ့သို့ တောက် တောက်စဉ်းကာ ဒယ်အိုးထဲတွင်ရေနှစ်လီတာဖြင့် ပြုတ်ပါ။ အဖုံး ဖွင့်ပါ။ ၄-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး ဖန်ပုလင်းထဲတွင်ထည့်ထားပါ။ ရေခဲသေတ္တာထဲတွင်ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍ နောက် ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်းသုံးဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ်တိုက်ပါ။ ဤသင်္ဘောရွက် ကုထုံးဇာတ်လမ်းသည် အခြားဆေးဖက်ဝင်ကုထုံးများထက် ပိုမို ဆန်းပြားသည်။

R.J.W မှ အောက်ပါအတိုင်း စာတစ်စောင်ရေးသားသည်။ ကင်ဆာရောဂါဖြင့် သေလုဆဲဆဲ ဖြစ်နေသော လူနာများအား သင်္ဘောရွက်ပြုတ်ရည်နှင့် ကုရပါသည်။ ရှေးဦးစွာ အသက် ၄၀-ရှိ ငှက်ပျောတောင် သူတစ်ယောက်တွင် ဆီးအိမ်ကင်ဆာရောဂါ ပြန့်ပွားမူကို မရပ်တန့်နိုင်ခဲ့ချေ။ ကျွန်ုပ်က တောစာ များ၊လတ်ဆတ်သောဂျုံဖြူများ၊ သကြားများ၊ ထိန်းဆေးမပါသော အစားအစာများစားရန် ပြောကြားပြီး သင်္ဘောရွက်တစ်ဆုပ်ကျ ဒယ်အိုးထဲတွင်ထည့်ပြုတ်ကာ သောက်စေသည်။ ထိုတောင် သူသည် ၅-ပါတ် သောက်လိုက်ရာ ကင်ဆာရောဂါ ပျောက်ကင်းသွားသည်။ အရွက်တို့ကို အခြောက် လှန်း၊ အမှုန့် ထောင်းပါကပိုမိုစွမ်းပါသည်။ ကြွက်များတွင် စမ်းသပ်ကြည့်ရာ အောင်မြင်ပါသည်။ သင်္ဘောရွက်များကို ထုထောင်း၍ ကြွက်များကိုဆေးထိုးကြည့်ရာ ကြွက်ရှိကင်ဆာအကျိတ်များ ပျောက် ကုန်ပါသည်။ သင်္ဘောရိုးတံတွင် Acetogenin ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူ များကိုမျှတစေပါသည်။

ဤသို့အားဖြင့် ကင်ဆာဆဲလ်များဖြင့် သွေးကြောများရှင်သန်မှုတို့ကို Acetogenin ဖျက်ဆီး ပစ်ပါ သည်။ သင်္ဘောရွက်သတ္တုရည်တွင် Acetogenin အပါအ၀င် ဓာတုပစ္စည်း ၁၀၀ ပါဝင်ပါသည်။ ၎င်းတို့သည် ခန္ဓာကိုယ်ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင် ပံ့ပိုးကူညီပါသည်။ ၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း၊ ပါကျူးတက္ကသိုလ်ပါမောက္ခသည် အမျိုးသားကင်ဆာသိပ္ပံမှ မေတ္တာရပ်ခံချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာထိရောက်မှုကို စမ်းသပ်ခဲ့သည်။ အပင် ၃၅၀၀-တွင် အစွမ်းထက်ပစ္စည်း ၅၀-တွေ့ပါသည်။ ၎င်းအနက် Acetogenin သည် အလွန်အစွမ်းထက်ပြီးသန်ကောင်များ ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကင်ဆာဆဲလ်တို့ကို တိုက်ဖျက်ပါသည်။ ထို့ပြင် လူနာအား ဆေးကြောင့် ဒုက္ခမဖြစ်စေပါ။

အထူးသဖြင့် သင်္ဘောရွက်သည် ကင်ဆာကျိတ်တို့ကို ထူးကဲစွာ ချေဖျက်ပေးပါသည်။ ထို့ပြင် ဓာတု နှင့်ဓါတ်ရောင်ခြည်ကုထုံးတို့တွင် ပံ့ပိုးမှုအဖြစ် သင်္ဘောရွက်ကိုသုံးကြပါသည်။ ဘေးထွက်ဆိုးကျိုး မရှိပါ။ ထို့အတွက်ကြောင့် သင်္ဘောရွက်သည် မြစ်ချင်းပြီးဆေးတစ်လက်ဖြစ်ရာ ၎င်းနှင့်အလား တူဆေးအမည်မှာ ရဲယိုရွက်၊ ရဲယိုသီး၊ ခုခံအားကျဆင်းမှု ကယ်တင်ရှင်တို့ဖြစ်ကြပြီး အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာတို့ကို တိုက်ဖျက်သည်။ သို့သော်လည်း သင်္ဘောရွက်ဆေးကို KC-H (သို့) COQ10 COENZYNE 10 ကဲ့သို့သော် လည်ပင်းကျိတ်ဆွဆေးပြားဖြင့် ပူးတွဲအသုံးပြုနိုင်သည်။ Laetrine ဆေးကိုမှီဝဲသော ကင်ဆာရောဂါရှင်တို့သည် သင်္ဘောရွက်နှင့်နာနတ်သီးကို စားပေးရပါမည်။ အဘယ်ကြောင့်ဆိုသော် အယ်ဇိုင်းဓာတ်တို့သည် ကင်ဆာဆဲလ်တို့ကို ဖယ်ရှားပေးသည်။ ထို့ကြောင့် အစေ့အတွင်းရှိ B-17 သည် အလုပ်လုပ်နိုင်သည်။

တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျောင်းသားတစ်ဦးမှ သိရှိရသည်မှာ ၎င်း၏သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အားချည့်နဲ့နေပါသည်။ ဖခင်ဖြစ်သူသည် စိတ်ပူပြီးဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘော ရွက်အရည်ကိုသာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ်အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက်ဆေးကို မှီဝဲပြီးနောက် သွေးအဆင့် ၁၃၅-အထိ မြင့်တက်သွား ကြောင်း ၊ ဆရာဝန်တို့တောင်မှ အံ့အားသင့်ပြီး ကလေးကို ဆေးရုံမှဆင်းစေသည်။ ထိုသတင်းသည် တစ်မြို့လုံး ပျံ့နှံ့သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတိုအရ သင်္ဘောရွက်နှစ်ရွက်ကို ဆေးကြောထုထောင်း စစ်ချရမည်။ ထိုအခါ အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။ ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေးအာနိသင်ပြယ်တတ်သည်။ အရွက်ဖွားဖွားကိုရွေးပါ။ အလွန်ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။

နောက် ဇာတ်လမ်းတစ်ပုဒ်မှာ အသက် ၃၂-နှစ်ရှိသော ကျွှန်တော့်သူငယ်ချင်းတွင် လွန်ခဲ့သောနှစ်က တုပ်ကွေးဖြစ်ပြီး ဆေးရုံတင်ရသည်။ ဆရာဝန်ကတုပ်ကွေး ပျောက်ခြင်း မရှိကြောင်းပြောပြပါသည်။ မိမိခုခံအားကိုသာ မြင့်ပေးရန်ပြောသည်။ ထိုလူနာတွင် သွေးနှစ်ခါသွင်းပြီး ဘုရားဆီတွင် ဆုတောင်း နေရ သည်။ ၎င်း၏ သွေးဥတို့သည် ၂၈၀၀၁ သို့ ၃-ရက်အတွင်းကျသွားသည်။ ထိုအခါ ယောက္ခမ ဖြစ်သူက သင်္ဘောရွက်ရည်တိုက်ပြီး ကုသရာ သွေးများပြန်လည်မြင့်တက်ပြီး ၃-ရက်အတွင်း ပိန်းကြာရွက် တွင် ရေမတင်သကဲ့သို့ ရောဂါပျောက်ကင်းခြင်းသို့ ရောက်၏။ ထူးခြားသည်မှာ သင်္ဘော ရွက်သည် တုပ်ကွေးရောဂါဖြစ်သူအား အပူငြိမ်းစေကာ အေးမြမှုကိုပေးပါသည်။ လည်ချောင်း ရောဂါဖြစ်ပါက သင်္ဘောရွက်ကို မှီဝဲသင့်သည်။ ထို့်ကြောင့် အိုသူတော်ကောင်းအပေါင်းတို့ သင်္ဘော ရွက်ကို မွှေစက်ထဲ သို့ထည့်ပြီး ညှစ်၍ သုံးဆောင်ကြပါလေ။

ဒေါက်တာခင်ရွှေ
(တိရစ္ဆာန်ဆေးကုဆရာဝန်)

ဤကားဒေါက်တာခင်ရွှေ၏ ဘာသာပြန်ဆိုတင်ပြချက် ဖြစ်ပါသည်။ ကျွှန်တော်သည် ထိုအကြောင်း ကိုရင်းနှီးသောမိတ်ဆွေ ဆရာတက္ကသိုလ်ဝင်းမွန် ( တွဲဖက်ပါမောက္ခ-ငြိမ်း) ကို စကားစပ်မိရင်း ပြောပြ သည်။ ဆရာတက္ကသိုလ်ဝင်းမွန်က ကျွှန်တော်၏ ပြောပြချက်ကို မှတ်သားထားရာမှ လည်ပင်းကြီး ရောဂါ ရနေရှာသူ နွမ်းပါးသောမိန်းကလေးတစ်ဦးအား ပြောပြသည်။ သင်္ဘောရွက်စိမ်းကို ထောင်းထု၍ အရည်ညှစ် သောက်ကြည့်စေသည်။ ဆရာတက္ကသိုလ်ဝင်းမွန်က “ဆရာဝင်းရေ၊ အဲဒီမိန်းကလေးရဲ့ လည်ပင်းကြီး ရောဂါဟာသိသိသာသာ လျော့ကျသွားတယ်” ဟူ၍ဖုန်းဆက် ပြောသည်။ သင်္ဘော ရွက်စိမ်းကတော့ တစ်နည်းမဟုတ်တစ်နည်း အာနိသင်ရှိသည်မှာ အမှန်ဖြစ်ပါသည်။

ကျွန်တော်သည် အသက် ၈၃-နှစ် ရှိသော်လည်း ဘာရောဂါမျှမရှိ။ ကျန်းမာပေါ့ပါးဖျတ်လတ်၍ တစ် နေ့လျှင် ၈-နာရီကျော် အယ်ဒီတာနှင့်စာရေးဆရာအလုပ်ကို လုပ်ကိုင်နေပါသည်။ ကျွန်တော်သည် ထမင်းစားတိုင်း သင်္ဘောရွက်စိမ်းကို ရေနွေးဖြော၍ မကြာခဏ တို့စားလေ့ရှိပါသည်။ သဘောင်္ရွက်စိမ်း မစားဖြစ်သော နေ့ ဆိုလျှင် ရဲယိုရွက်စိမ်းကို ရေနွေးဖြော၍ တို့စားတတ်ပါသည်။ သင်္ဘောရွက်စိမ်းနှင့် ရဲယိုရွက်စိမ်းသည် ကျွှန်တော်အားထားရာ အစားအစာများတွင် နှစ်ခုပါဝင်ကြောင်းတင်ပြအပ်ပါသည်။ ဖတ်မိသမျှကို ထပ်ဆင့် ၍မျှဝေလိုက်ပါသည်။ ရောဂါ ၊ဝေဒနာခံစားမှုမှ လျှော့ပါးနိုင်ကြပါစေ။

မေးလ်ထဲရောက်လာတဲ့ ဆောင်းပါးလေးပါ။ ဘုန်းဘုန်းက ပုဒ်ထီး၊ ပုဒ်မ၊ စာပိုဒ်ခွဲ၊ သတ်ပုံ နည်းနည်း ပါးပါးပြင်ရုံလောက်ပါ။ (ဒါပေမယ့် တော်တော်လေး အချိန်ပေးရတယ်ခင်ဗျာ့)

နောင်မှတ, တဲ့နောင်တ ( နန္ဒာသိန်းဇံ )


( ၁ )

လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်က အဆိုအမိန့်တွေဟာ ဒီနေ့လူတွေအတွက် အသုံးမှကျသေးရဲ့လား……..အသုံးဝင်နေမှု့ ရှိပါရဲ့လားလို့ ကျွန်တော်က ခနခန တွေးမိတယ် ။အခြေအနေ အချိန်အခါတွေက အများကြီးပြောင်းခဲ့ပြိမဟုတ်လား ။ အခု ကျွန်တော် ရွတ်ဆိုပြမှာတွေကို ခင်ဗျားတို့ နားထောင်ကြည့် ၊ ကျွန်တော်ရွတ်ဆိုပြတဲ့အချက်တွေဟာ ခင်ဗျားတို့အတွက် အသုံးဝင်သေးရဲ့လား ၊ အသုံးမ၀င်တော့ဘူးလားဆိုတာကို ခင်ဗျားတို့ကိုယ်တိုင်ဘဲ ဆုံးဖြတ်ပေါ့ ၊ ကျွန်တော်ကတော့ ဒီအဆိုအမိန့်တွေကို နှစ်သက်သဘောကျလို့ အလွတ်ရအောင်ကို ကျက်မှတ်ထားတယ် ။ အခုရွတ်ပြမည့် အဆိုအမိန့်တွေက ဇနသန္ဒလို့ခေါ်တဲ့ မင်းကြီးက သတိပေး ဆိုမိန့်ခဲ့တာတွေပဲဗျ ။

(မိတ်ဆွေဖြစ်သူ ပြောဆိုသော ဇနသန္ဒမင်းအကြောင်းကို ဒွါဒသနိပါတ် ဇာတ်ဝတ္ထုတွေထဲက ငါးခုမြောက်ဇာတ်တော်ဖြစ်တယ်လို့ သိရပါတယ် ။)

( ၂ )

“……..ဤ ဆယ်ပါးသော အကြောင်းအရာ ၊ လုပ်ငန်းကိစ္စတို့ကို ရှေးအခါက မပြုလုပ် မဆောင်ရွက်ခဲ့မိသောသူသည် နောင်အခါ၌ စိုးရိမ်ပူပန်ရတတ်၏ ။

(၁) ရသင့်ရထိုက်သော ဥစ္စာပစ္စည်းကို မရသည်ရှိသော် စိုးရိမ်ပူပန်ရ၏ ။ ငါသည်ငယ်ရွယ်စဉ်အခါက ပစ္စည်းဥစ္စာကို မဆည်းပူး ၊ မစုဆောင်းခဲ့မိဟု အိုမင်းသောအခါ စိုးရိမ်ပူပန် ရ၏ ။

(၂)

အတတ်ပညာမရှိသူအား အသက်မွေးရခြင်းသည် ဆင်းရဲငြိုငြင်လှ၏ ။ ငါသည်ငယ်ရွယ်စဉ်အခါ၌ အတတ်ပညာကို မသင်ကြားခဲ့မိဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏ ။

(၃)

ငါသည် ငယ်ရွယ်စဉ်အခါ၌ ကောက်ကျစ်စဉ်းလဲသော အမှုကိုပြုမိခဲ့၏ ။ သူတစ်ပါး၏ကျောကုန်းသားကို စားသကဲ့သို့ ချောပစ်ကုန်းတိုက်သောစကားကို ဆိုခဲ့မိ၏ ။ ကြမ်းကြုတ်သောစကားကို ဆိုခဲ့မိ၏ဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏ ။

(၄)

ငါသည်ငယ်ရွယ်စဉ်အခါ သူ့အသက်ကိုသတ်မိ၏ ။ ရက်စက်ကြမ်းကြုတ်ခဲ့၏ ။ ယုတ်မာခဲ့၏ ။ သတ္တ၀ါတို့အပေါ် သနားကြင်နာခြင်းကို မပြုခဲ့မိဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏ ။

(၅)

ငါသည်ငယ်ရွယ်စဉ်အခါ သူတစ်ပါးတို့ မသိမ်းဆည်းအပ်သော မိန်းမများရှိပါလျှက် သူတစ်ပါးမယားကို မှီဝဲကျူးလွန်မိ၏ဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏ ။

(၆)

ငါသည် ငယ်ရွယ်စဉ်အခါ ထမင်းအဖျော် ဥစ္စာစည်းပွားရှိပါလျှက် အလှူဒါနကို မလှူဒါန်းမိခဲ့ဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏ ။

(၇)

ငါသည် ငယ်ရွယ်စဉ်အခါက ဥစ္စာအား ။ ကိုယ်အားဖြင့် စွမ်းနိုင်ပါလျှက် အိုမင်းသောအမိအဖတို့ကို မကျွေးမွေးမိခဲ့ ၊ မပြုစုမိခဲ့ဟု အိုမင်းသောအခါ စိုးရိမ်ပူပန်ရ၏ ။

(၈)

လက်ဦးဆရာဖြစ်၍ ဆုံးမပဲ့ပြင်လျက် အလုံးစုံသောအရာတို့ကို ငါ့အားပေး၍ ကျွေးမွေးပြုစုသော အဖကိုငါသည် မထေမဲ့မြင် ပြုခဲ့မိ၏ဟု နောင်အခါ စိုးရိမ်ပူပန်ရ၏ ။

(၉)

သီလရှိ၍ ဗဟုသုတများသော ရဟန်းသူတော်သူမြတ်တို့ကို ငါသည် ရှေးအခါက မဆည်းကပ်မိခဲ့ဟု နောင်အခါ စိုးရိမ်ပူပန်ရ၏ ။

(၁၀)

ငါသည်ရှေးအခါက ငြိမ်သက်သော ၊ ဆည်းကပ်အပ်သော ခြိုးခြံသော အကျင့်မျိုးကို မကျင့်မိခဲ့ဟု နောင်အခါ စိုးရိမ်ပူပန်ရ၏ ။

….ဤဆယ်ပါးသော အကြောင်းအရာလုပ်ငန်းကိစ္စတို့ကို ပြုလုပ်ခဲ့မိသောသူသည် နောင်အခါ စိုးရိမ်ပူပန်ခြင်းမရှိနိုင် …..။

အထက်ပါဆယ်မျိုးကို အလွန်နောင်တရစရာ ဆယ်မျိုးအနေနဲ့ ကျုပ်ကတော့ ခေါင်းစဉ်တပ်ချင်တယ် ။

( ၃ )

အထက်ပါပု၈္ဂိုလ်၇ဲ့ စကားအဆုံးမှာ မိတ်ဆွေတစ်ဦးက “နောင်တ “ နဲ့ပါတ်သက်ပြီး ဆရာကြီးပီမိုးနင်း သတိပေးစကားပြောခဲ့ပုံကို ပြောပြပါတယ် ။ သူက…..

“အချိန်”ဆိုတာဟာ အဖိုးမဖြတ်နိုင်တဲ့ အရင်းအနှီးဖြစ်တယ် ။ အဲဒိအချိန်ဆိုတဲ့အရင်းအနှီးနဲ့ ကျမ်းမာခြင်းဆိုတဲ့ အရင်းအနှီးကိုရတဲ့သူမှာ ငွေအရင်းအနှီး ၊ ပညာအရင်းအနှီး ရဖို့ မခက်တဲ့အကြောင်းကို ဆရာကြီးပီမိုးနင်းက အလေးထားပြီး ပြောခဲ့တာ ။

နပိုလျံဟာ ၀ယ်လင်တန်ကိုတိုက်ဖို့ ၀ါတာလူးစစ်ပွဲကိုရောက်တော့ နေ၀င်တော့မည့်အချိန်ဖြစ်နေတယ် ။ နပိုလျံဟာနောက်ကျသွားတယ် ။ ဒိအခါမှာ နပိုလျံဟာ စစ်မြေပြင်မှာရပ်ပြီး နေလုံးကြီးဆီကိုလှမ်းကြည့်ပြီးတော့ “ ဒီနေ့အတွက် ၂ နာရီလောက်သင့်ကို ငါတားလို့ရမယ်ဆိုရင်လောကမှာဘာမဆို ငါပေးနိုင်ပါရဲ့ “လို့ ညည်းတွားတယ်တဲ့ ၊ အဲဒီစစ်ပွဲဟာ နပိုလျံရဲ့ဘုန်းမီးကို အပြီးတိုင် ငြိမ်းစေတဲ့စစ်ပွဲဖြစ်တယ်တဲ့ ။ အဲဒီနပိုလျံလို နောက်ကျမှနောင်တရသူတွေ လောကမှာမရေမတွက်နိုင်အောင် ရှိမှာပဲတဲ့ ။ အသက်လို့ဆိုရတဲ့ နေရောင်ရဲ့အဆုံးနားကျခါမှ လွန်ခဲ့ကုန်ခဲ့တဲ့အချိန်တွေကို ပြန်မျှော်ရင်း ၀င်လုဆဲနေရောင်မှာ မြင်နေရတဲ့တောင်ထွတ် တောင်ထိပ်တွေကို ငါရောက်အောင်မတက်မိလေခြင်းလို့ နောင်တကြီးစွာရသူတွေ အများကြီးရှိမှာပဲ ။ ဒီလူတွေဟာ အချိန်ရှိခိုက် လုပ်ရမည့်အရာတွေကို မလုပ်ဖြစ်တဲ့သူတွေဆိုတာ နောင်တမလွန်ဘ၀မှာလည်း ဒီလိုပဲ နောင်တရကြမယ့်အထုံဓလေ့ကို သူတို့နဲ့အတူ မကွဲမကွာ ဆောင်ယူသွားကြမှာပဲတဲ့ ။

လူတစ်ဦးရဲ့ တစ်သက်တာအတွင်းမှာ ရရှိနိုင်တဲ့အချိန်ဟာ သိပ်မများလှဘူး ။ ဥပမာ အသက် ၆၀ နေရသူမှာ နှစ်ပေါင်းနှစ်ဆယ်လောက်ဟာ အိပ်ရာမှာကုန်သွားတယ် ။သက်တမ်းရဲ့ နှစ်ပေါင်း ၂၀ လောက်ကို အိပ်ပစ်တယ်ပေါ့ ။

စားတာသောက်တာအတွက် ကုန်တဲ့အချိန်က ၃ နှစ်ကျော်တယ်တဲ့ဗျ ။

စားပွဲမှာ စားသောက်ရာမှာ ပွဲရံအပြောင်းအလဲမှာ စောင့်ဆိုင်းရတဲ့အချိန်က ၉ လလောက်ကုန်တယ် ။

အလုပ်အတွက် ၁၇ နှစ်ခွဲလောက် အချိန်ရတယ် ။ အပျော်အပါးအတွက် ၇ နှစ်ခွဲလောက် ၊ လမ်းလျှောက်တာ ကစားတာအတွက် ၆ နှစ်နဲ့ ၇ လလောက် ၊ ၀တ်စားဆင်ယင်ရေးအတွက် ၂ နှစ်ခွဲလောက်ကုန်တယ် ။

ဘာမှမလုပ်ဘဲ နေနေတဲ့အချိန်မျိုးကလည်း ၂ နှစ်ခွဲလောက်ကုန်သွားတာပဲတဲ့ ။ကျုပ်အဖြစ်က ဆရာပီမိုးနင်းပြောတာထက် အချီးနီးအချိန်တွေ ကုန်ခဲ့တယ်ဗျ ။ အခု ကျွန်တော်ပင်စင်ယူပြီးလို့ ကိုယ့်ဘ၀ရဲ့အတိတ်ကိုပြန်ကြည့်လိုက်တဲ့အခါမှာ … မပျော်ပိုက်တဲ့အလုပ်ခွင်မှာချည့် ငါ့ဘ၀ဟာ အချိန်ကုန်ခဲ့ရပါလားလို့ နောင်တတွေ အကြီးအကျယ်ရမိတယ်ဗျာ ၊ ရှေ့မှာလည်း ဘယ်လိုနောင်တတွေ ရဦးမယ်မသိဘူး ၊ကျွန်တော်ကတော့ နောင်တသံသရာထဲမှာ တ၀ဲဝဲလည် ဖြစ်နေဦးမယ်ထင်ပါရဲ့ ။

ဆက်လက်ဖော်ပြပါမည်…….