Monday, June 13, 2011
မိုးတွေညို့မှဖြင့်(၂)
ကိုယ်ဆိုလိုချင်တာက .တွေ့ကြုံ၇တဲ့ ပြဿနာ တစ်ခု အခက်အခဲတစ်ခု ..စိန်ခေါ်မူတစ်ခုကို ..လွယ်လွယ်နဲ့အလျှော့မပေးမိဘို့  .မခံချင်စိတ်နဲ့ ၇အောင် လုပ်မယ်ဆို တဲ့ဇွဲနဲ့ ကြိုးစားဖို့ပါ လူတစ်ယောက်၇ဲ့ အစွမ်းအစကို ကိုယ်တိုင်မသိနိင်သလို ကိုယ်ကိုယ်တိုင် အားထုတ်ကြိုးစားပြီးမှသာ သြော် ငါ ဒီလောက် လုပ်နိင်ပါလားဆိုတဲ့ .အဖြေကို ပီတိနဲ့အတူ ခံစားသိ၇ှိ၇မှာပါ .ဒီဥပမာက ငယ်စဉ် ကျောင်းသား အ၇ွယ်က ၇ခဲ့တာဆိုပေမယ့် .ကိုယ့်ဘ၀မှာ စွဲထင်အမှတ်၇ စ၇ာ ..သင်ခန်းစာယူစ၇ာ နမူနာလေး တစ်ခုဖြစ်နေခဲ့ပါတယ် .
ကျောင်းသင်ခန်း်က ကိုယ်စီထွက်ခွာခဲ့ကြပြီး ..လူ့လောကအလယ် ..လျှောက်ကြတဲ့အခါ အထူးသဖြင့် အလုပ်ခွင်မှာ လူအချင်းချင်း ..ပြောဆိုဆက်ဆံ လုပ်ကိုင် ကြတဲ့အခါ အလွန်အင်မတန်ပ၇ိယာယ် မာယာများတဲ့ လူ့လောကကြီးဟာ သန်းခေါင် ညလယ် ..မိုးမှောင် ကျနေတဲ့ တောနက်ကြီးထဲကို စမ်းတ၀ါးဝါး လျှောက်နေ၇တာထက် အန္တာ၇ယ် ပိုကြီးပါတယ် ။ ဒီနေ၇ာမှာ မိမိ၇ဲ့ အဓိက အားကိုး၇ာက ..မိမိ၇၇ှိပိုင်ဆိုင်ထားတဲ့ ဇွဲ ..နဲ့..စိတ်ဓာတ်ပါဘဲ .ဒီနှစ်ခု အ၇င်းပြု ပြီးတွေ့ကြုံလာတဲ့ လောကဓံ အဆိုးတ၇ား တွေကို ၇င်ဆိုင်ကျော်ဖြတ် နိင်မှ ..ကိုယ့်ဘ၀၇ဲ့ ပန်းတိုင်ကို မြဲမြဲခိုင်ခိုင် ၇၇ှိနိင်ပါလိမ့်မယ် ဒီနေ၇ာမှာ ..ကျောင်းသားဘ၀ က ..ကျောင်းတွင်းလက်ကမ်းစာစောင်မှာ ဖော်ပြခဲ့တဲ့ ..ကိုယ့်၇ဲ့ ကဗျာ တိုကလေး ကို သတိ၇မိတယ် ..ကဗျာ ခေါင်း စဉ်က …”ပန်းတိုင် တဲ့ .
မုန်တိုင်း ဆန်လျှက် လှိုင်းထန်ပွက်သည့်
မြစ်ထက်ပြင်ကို ဖြတ်ကျော်လို ၍
ငါ့ကိုယ်ငါလျှင် စိတ်ကူးယဉ်ဖြင့်
မြစ်ပြင်ဖြတ် ၍ မ၇ပါ။
လှေပေါက်ကိုဖာ ၇ွက်ဖျင်ကာနှင့်
ညီညာတက်စွဲ လှော်ခတ်၇ဲမှ
စိတ်ကမှန်း၇ည် ထိုကမ်းဆီသို့
ငါသည်ေ၇ာက်နိင်ပါလိမ့်မည် ။
ဘ၀၇ဲ့အောင်မြင်မူကို လိုလား သူတိုင်း ဟာ .ထိုက်တန်တဲ့၇င်းနှီးမူ တော့၇ှိ၇မယ် ဆိုတဲ့ စိုင်းထီးဆိုင် ၇ဲ့ သီချင်း စာသားလိုပေါ့ ခက်ခက်ခဲခဲ ၇ယူပိုင်ဆိုင် ၇တဲ့ အောင်မြင်မူ အ၇သာ ဟာ ..ဘ၀အတွက် အချိုအမြိန်ဆုံးအ၇သာပါ ကိုယ် တို့ငယ်စဉ် မြန်မာ့အသံေ၇ဒီယို က လွှင့်တဲ့ ၇ုပ်၇ှင်မင်းသား စိုးေ၇ွှ (ဦးစိုးေ၇ွှ) ၇ဲ့ သီချင်းတစ်ပုဒ် ကိုလည်း ပြန်သတိ၇မိပါ၇ဲ့ …… အောင်မြင်ခြင်းအတူတူ သီချင်း ခေါင်းစဉ်လို့ ထင်ပါတယ် .ကြမ်းသောလမ်းမှ ကိုယ်လျှောက်ခဲ့ပါတယ် ……. သို့သော် နှစ်ဦးသား ပြန်လည် ဆုံတွေ့ တစ်နေ့မှာကွယ်..အောင်မြင်ခြင်းအတူတူ ..ဘယ်သူမြတ်သည်လည်း ……”အခက်အခဲ ကြားက ကိုယ်အား ..ဥာဏ် အား ..စိတ်ဓာတ် စွမ်းအား တွေနဲ့ ၇င်းပြီး၇၇ှိတဲ့အောင်မြင်မူ ဟာ မိမိဘ၀အတွက် တန်ဖိုးထား မှတ်ကျောက်တင်ခံနိင်ပေမယ့် .အခြေအနေပေးလို့ အလွယ်တကူ ၇၇ှိ တဲ့အောင်မြင်မူမျိုးကတော့ေ၇၇ှည်မတည်တံ့နိင်သလို ..တန်ဖိုး ထား သတ်မှတ်ခံ၇မူလည်း ကွာခြား သွားပါတယ် .အဲဒါကြောင့် လည်းဖြတ်ကျော်ခဲတဲ့ ..ခါးသည်းတဲ့ ဘ၀၇ဲ့ လောကဓံ အဆိုးတွေကို ..တစ်ဘ၀စာမမေ့နိင်ပေမဲ့ .လွယ်လွယ်၇လို့ လွယ်လွယ်ကုန်ဆုံးဖြတ်သန်းခဲ့တဲ့ ..လောကဓံချိုချို တွေကတော့ ဘ၀မှာ လွယ်ကူစွာ မေ့ပျောက်ခြင်း ခံ၇တာပါဘဲ ကိုယ်စီကိုယ်ငှ အသီးသီးဖြတ်ကျော် ခဲ့၇တဲ့ ဘ၀တွေထဲမှာ .သင်ခန်းစာယူစ၇ာ နမူနာယူစ၇ာတွေ ဒုနဲ့ဒေးပါဘဲ .အနာဂါတ်အောင်မြင်မူ အတွက် ..အတိတ်က အမှားကို သင်ခန်းစာယူ၇တယ် ..ပြောပြောနေကြတဲ့ ..learn from mistakes ဆိုပေတဲ့ ..ခဏခဏ မှားနေလို့ ကလည်း မဖြစ်ဘူးလေ လောကီနယ်ပယ်မှာ ..လူအချင်းချင်း ဆက်ဆံ၇ာမှာဖြစ်စေ လုပ်ငန်းတာဝန်တွေကို ကိုင်တွယ်ဖြေ၇ှင်း ၇ာမှာဖြစ်စေပေါင်းသင်းဆက်ဆံေ၇းကောင်းဖို့ ..ကိုယ်၇ည်ကိုယ်သွေး (personality) လိုအပ်သလို လုပ်ငန်းကျွမ်းကျင်မူ (skill) အ၇ည်အသွေးလည်း လိုအပ်ပါတယ် ..ဒီနှစ် ချက်နဲ့အတူ ..မိမိ၇ဲ့စိတ်ကို ဘယ်လို ထား၇ှိမလဲ .(လူအချင်းချင်း ဆက်ဆံေ၇းနယ်ပယ်မှာ ..လုပ်ငန်း တာဝန်ကိုင်တွယ်၇ာမှာ ) ဆိုတာက လည်း အင်မတန်အေ၇းပါ ..အေ၇းကြီး လှပါတယ် ဒီနေ၇ာမှာ ..အမည်မသိ စာေ၇းသူတစ်ဦး၇ဲ့ ဇာတ်လမ်းတိုလေး တ စ်ပုဒ်ကိုဖောက်သည်ချ ပြောပြချင်ပါသေးတယ် .PUT THE GLASS DOWN TODAY လွယ်လွယ်ဘာသာပြန်၇၇င် . ပြန်ချထားလိုက်ပါ ပေါ့
ပါမောက္ခတစ်ဦ်း ကေ၇အနည်းငယ် ထည့်ထားသော ဖန်ခွက်ကို အတန်းသားအားလုံးမြင်နိင်စေ၇န် အတန်ကြာကိုင်ထား ပြီး ……” ဒီဖန်ခွက် ဘယ်လောက်လေးမလဲ တပည့်တို့ ဟူသောမေးခွန်းဖြင့် သင်ခန်းစာကို စတင်လိုက်လေသည်။ ဂ၇မ် ၅၀ ဂ၇မ် ၁၀၀ ဂ၇မ် ၁၂၅ ဆိုပြီး ကျောင်းသားများပြိုင်တူ အော်ဟစ်ဖြေဆိုကြတယ် .
အလေးချိန် တိတိကျကျ သာမချိန်ထား၇င် ဆ၇ာလည်းဘယ်လောက် လေးမယ်ဆိုတာ ကို အသေအချာ မပြောပြနိင်ပါဘူး ..ဒါပေမဲ့ ဆ၇ာ က ဖန်ခွက်ကို ဒီအတိုင်း မိနစ်ပိုင်းလောက် ဆက်ကိုင်ထား၇င် ဘာဖြစ်လာနိင်လဲ ……… ဘာမှ မဖြစ်ပါဘူး ဆ၇ာ “…… ကောင်းပြီ ဒီအတိုင်း တစ်နာ၇ိီ ကြာဆက်ကိုင်ထားမယ်ဆို၇င် ကော ဘာဖြစ်လာမလဲ ……..ဆ၇ာ့လက်မောင်းတွေ စပြီး ကိုက်ခဲ လာပါလိမ့်မယ် ကျောင်းသားတစ်ယောက် က ထဖြေတယ် .မင်းပြောတာမှန်တယ် ဖန်ခွက်ကို တစ်နေ့လုံး ဆက်ကိုင်ထားမယ်ဆို၇င်ကော ..ဘာဆက်ဖြစ်လာမလဲ “… ဆ၇ာ့လက်မောင်းထုံပြီး ..မလှုပ်မ၇ှားနိင် ဖြစ်သွားနိင်ပါတယ် . အ၇ွှန်းဖောက်တတ်တဲ့နောက်ကျောင်းသားတစ်ယောက်က .ဆ၇ာ့လက်မောင်း ကြွက်သားတွေ ဒဏ်၇ာအကြီးအကျယ်ဖြစ် ..ဆ၇ာလည်း သွက်ချာပါဒ ဖြစ် ..ပြီးတော့ ဆ၇ာလည်း ဆေး၇ုံေ၇ာက် ဖို့ သေချာသလောက်ပါဘဲ ဆ၇ာ “….ဒီကျောင်းသား၇ဲ့စကား အဆုံးမှာ စာသင်ခန်း တစ်ခန်းလုံး တသောသောနဲ့ပွဲကျသွားပါတယ် . …”သိတ်မှန်တာပေါ့ ကွဒါပေမဲ့ ..အခု ဆ၇ာတို့ ပြောသမျှ အချိန်တွေမှာကော ..ဖန်ခွက်၇ဲ့ အလေးချိန် ပြောင်းသွားသလား …” လို့ ပါမောက္ခက သူ့ကျောင်းသားများကို ထပ်မေးပြန်တယ် .. မပြောင်းပါဘူး ဆ၇ာ ကျောင်းသားအားလုံး တညီတညာ အော်ဟစ် ဖြေဆိုလိုက်ကြတယ် . ကဲ ..ဒါဆို ..ဘယ်ဟာက လက်မောင်းကို ကိုက်ခဲစေတာလဲ ..ကြွက်သားကိုဒဏ်ဖြစ်စေတာလဲ …” ဒီမေးခွန်းမှာတော့ ကျောင်းသားများ အကြံအိုက်သွားကြတယ် ..စာသင်ခန်းတခန်းလုံး လည်း တိတ်ဆိတ်သွားတယ် . ဒီနာကျင်မူကနေ အခုပဲ ကျွတ်လွတ်အောင် ဆ၇ာဘာလုပ်သင့် လဲ ပါမောက္ခက ထပ်မေးပြန်တယ် . ဖန်ခွက်ကို ပြန်ချထားလိုက်ပါ ကျောင်းသားတစ်ယောက်က အားတက်သေ၇ာ ပြန်ဖြေလိုက်တယ် …”အေး ..ဟုတ်တယ် ..ဒီအတိုင်းပဲပေါ့ကွ
နာကျင်ကိုက်ခဲမူက နေ ဝေးချင်၇င် ဆ၇ာက ဒီဖန်ခွက်ကို ကြာ၇ှည်မကိုင်ထားပဲ..ပြန်ချထားလိုက်၇ပါမယ်
ဘ၀၇ဲ့အခက်အခဲများ ဟာလည်းဒီအတိုင်းပဲပေါ့ ကျွန်တော်တို့ ခေါင်းထဲ မိနစ်ပိုင်းလောက် စွဲထားပါက ဟုတ်သလို လို ထင်၇တတ်ပြီး အချိန်အကြာကြီး တွေးထင် စဉ်းစားပါက. ကျွန်တော်တို့ ကို အကြောသေ..သွက်ချာပါဒလိုက်စေမှာပါဘဲ……ကျွန်တော်တို့ေ၇ှ့ဆက်ပြီးဘာမှဆက်လုပ်နိင်တော့မည်မဟုတ်ပါ…….ကျွန်တော်တို့ ဘ၀၇ဲ့ စိန်ခေါ်မူများ ၊ အခက်အခဲ များကို ထည့်သွင်းစဉ်းစား၇န် အေ၇းကြီးပါသည်။ သို့သော် ကျွန်တော်တို့ အိပ်၇ာမ၀င်မီ အချိန်လေးမှာတော့ အ၇ာအားလုံး ပြန်ချထားလိုက် ဖို့က ပိုပြီး အေ၇းတကြီးလိုအပ်ပါသည်။
ထိုနည်းသည် ကျွန်တော်တို့အား ၊ ဖိစီးမူ မဖြစ်စေဘဲ နေ့စဉ်နေ့တိုင်း လန်းဆန်းကြံ့ခိုင်စွာ နူိးထကာ
ကျွန်တော်တို့၇ဲ့တစ်နေ့တာ လမ်းကြောင်းမှာ ပေါ်ပေါက်လာမဲ့ မည်သည့်ကိစ္စ မည်သည့်စိန်ခေါ်ချက်မျိုးကို မဆို ၊ ကိုင်တွယ်ဖြေ၇ှင်းနိင်မှာဖြစ်ပါတယ် .ကျွန်တော် ဖတ်ဖူး တဲ့ …”The light of English မဂ္ဂဇင်းထဲ က မှတ်မိတာလေးပါ ……
အလားသ ဏ္ဍန်တူ စိတ်ဖိစီးမူ (stress) တွေ ၊ တွန်းအားပေးမူ (Pressure ) တွေ ဟာ..စင်ကာပူ လို နိင်ငံမျိုးမှာေ၇ခြားမြေခြား တိုင်းတစ်ပါးမှာ လာေ၇ာက်ပြီး ..သက်စွန့်ဆံဖျား လုပ်ကိုင်စားသောက်နေကြ၇တဲ့ ..နိင်ငံခြားသားများအတွက် နေ့တဓူဝ တွေ့ကြုံ ၇င်ဆိုင်နေကြ၇တဲ့ လောကဓံတ၇ားတွေပါဘဲ .ဒီနေ၇ာမှာ ..စိတ်မထားတတ်၇င် နှလုံးသွင်းမကောင်း၇င် အခြေအနေနဲ့အချိန်အခါကို ခွဲခြားပိုင်းခြားပြီး မိမိစိတ်ကို ပြူပြင်မထားတတ်၇င် ..အ၇င်ဆုံး စိတ်ဓာတ်ကျခြင်း (depression ) ဖြစ်လာနိင်ပါတယ် .. ခုနင် က ဇာတ်လမ်းလေးထဲ က Professor ကြီးပြောသလို ကျွန်တော်တို့ဟာ အချိန်တွေကို ပိုင်းဖြတ် ပြီး ပြန်ချထားနိင်ခဲ့ ၇ပါ့မယ် ..(လွှတ်ချထားနိင်ခဲ့၇ပါ့မယ်) .ဒီလို လွှတ်ချထားနိင်အောင် ..မိမိစိတ်ကို ဒုန်းဒုန်းချပိုင်းဖြတ်ထားနိင်အောင် ..ကျွန်တော်တို့စိတ်ကို ပြူပြင်လေ့ကျင့်ထားနိင်၇ပါ့မယ် ..ညအိပ်ယာဝင် ပေမဲ့ တစ်နေ့တာလုံး တွေ့ကြုံ ခဲ့၇တဲ့ ..မပြီးပြတ်သေးတဲ့ လုပ်ငန်းတာဝန်တွေ ……….လုပ်ငန်းခွင်ထဲက.. မကျေချမ်းမူတွေကို ..အိပ်၇ာထဲ ခေါ်သွင်း၇င်း ဆက်လက် ဆုပ်ကို င် ထားး၇င် ဖြင့် (ပြန်မချထား ....လွှတ်မချလိုက်၇င်ဖြင့် ) ..အိပ်မပျော်သော ညများကိုသာ အဖော်ပြုနေ၇ပါလိမ့်မယ် .There is a time for everything ,a time to work and a time to rest .၇၇ှိလာတဲ့ ဒီခန္ဓာကြီးနဲ့ မသေမချင်း လုပ်ကိုင်စားသောက်နေ၇မှာဖြစ်တာကြောင့်..၇က်လတွေ၇ှည်ကြာလာတဲ့အခါေ၇ာဂါ စွဲကပ်လာနိင်သလို ..လက်၇ှိအခြေအနေကို လက်လျှော့ အ၇ူံးပေးလာနိင်ပါတယ် ၇ည်မှန်းချက်ပန်းတိုင်နဲ့လည်းသွေဖယ် ဝေးကွာသွားစေနိင်ပါတယ် ဒါတွေကလည်း မိုးတွေညို့လို့ ကျွန်တော့် ငယ်ဘ၀ ကို ပြန်တမ်းတ၇င်းလွမ်းမိသလို…….လက်၇ှိဖြစ်ပေါ်နေတဲ့…….အကြောင်းအ၇ာတွေတိုက်ဆိုင်၇င်း …….ဆက်စပ်တွေးတော၇င်း ဖြစ်ပေါ်လာတဲ့ food for thoughts တွေပါ.
With Metta,
Kogyi Pauksa ( Sa-Lay )
မိုးတွေညို့မှဖြင့်
ခု၇က်ပိုင်းမှာ ..မိုးကလေး က တဖွဲဖွဲ၇ွာလိုက် ..သည်းသည်းမည်းမည်း ၇ွာလိုက်နဲ့ ..ပုံမှန်ဆို၇င် 34ံC ၇ှိနေတဲ့ စင်ကာပူ၇ဲ့အပူချိန် ဟာ ..ခုလို မိုးကလေး စွေနေပြီ၇ွာနေပြီဆိုမှဖြင့် ..26ံC -29ံC ထိကျသွားပြီး ..နေလို့ထိုင်လို့ကောင်း လာသလို အလုပ်ကအပြန်…. အိမ်ပြန်ေ၇ာက်တဲ့ အခါ...ေ၇ှးဖြစ်နောက်ြဖစ် ထွေလီကာလီ ကလေးများလည်း တောင်တောင် အီအီ စဉ်းစားမိဖြစ်ပါတယ် ..အထူးသဖြင့်ကတော့ ငယ်စဉ်က ဖြတ်ကျော်ခဲ့၇တဲ့ ကလေး ဘ၀တွေကို ပိုလို့ သတိ၇မိတတ်တယ် .
လူမှန်းသိတတ် စအ၇ွယ် ..သည်းကြီးမည်းကြီး ၇ွာနေတဲ့မိုး ညတွေမှာ .အမေ့၇င်ခွင်ထဲ တိုးဝှေ့အိပ်၇င်း အိမ်တဲခေါင်မိုးပေါ်ကို ..တဖြူန်းဖြုန်း ကြွေကျနေတဲ့ သ၇က်သီး ကြွေသံတွေ ..တဝေါဝေါ တိုက်ခတ်နေတဲ့ ..လေပြင်းတိုက်ခတ်သံတွေကို .ခုလို မိုး ကလေးတဖွဲဖွဲ ၇ွာနေတဲ့နေ့တွေ ..သည်းသည်းမည်းမည်း တအုန်းအုန်း ၇ွာနေတဲ့ နေ့တွေ . ည တွေဆို၇င် စိတ်အာ၇ုံမှာ တစ်ဖန်ပြန်လည် ၇ိုက်ခတ်၇င်းကြားယောင် နေတတ်တယ် .
မိုးကလေး ညိုလာ၇င် ၊လွမ်းမျက်၇ည် လေးလည် ၊ ငယ်ငယ်တုန်းက သူငယ်ချင်းကို သတိ၇ပါတယ် ၊ကျောင်းသွားတူတူ ကစားလည်း်တူတူဘဲကွယ် ..ကျောင်းသားအ၇ွယ်တုန်းက ..ကြားခဲ့ဘူးတဲ့ ..အဆိုတော်ကိုင်ဇာ၇ဲ့ မိုး သီချင်းနဲ့အတူ ၊ ငယ်ငယ်တုန်းက ကျောင်းသွားဖက် ၊ ကစားဖက် သူငယ်ချင်းတွေကို ..တမ်းတမှန်းဆ၇င်း လွမ်းမိပါတယ် ခုချိန်ဆို ..အသက်အ၇ွယ်တွေ၇လို့ ..ဘယ်နေ၇ာ ဘယ်ဒေသ တွေေ၇ာက်နေကြပြီလဲ အဆင်မှပြေကြ၇ဲ့လား အင်း ..သူတို့လည်း ငါ့လိုဘဲ ..မသေသေးး၇င်တော့ ..သားကျွေးမူမယားကျွေးမူ ..လူမူဒုက္ခကိုယ်စီနဲ့ ..မပြီးသေးတဲ့ ဘ၀တစ်ခု ၇ဲ့ခ၇ီးကို ..ကိုယ့်နည်းကိုယ့်ဟန်နဲ့ လူပ်၇ှား ၇ုန်းကနု နေကြ၇ှာေ၇ာ့မယ်လေ .
မိခင်၇ဲ့ဝမ်းကြာတိုက်ကနေ ကျွတ်လွတ်ပြီး မွေးဖွားခြင်းဆိုတဲ့နေ့မှသည် အသက်ဝိဥာဉ် ချူပ်ငြိမ်းပြီး သေဆုံးခြင်း ဆိုတဲ့ နေ့အထိ ကာလအပိုင်းအခြား ကို ..ဘ၀တစ်ခု လို့ဆိုခဲ့၇င် .ဒီဘ၀ တစ်ခုဆိုတဲ့ကာလအပိုင်းအခြားအတွင်းမှာ ..အသက်အ၇ွယ်အလိုက် နီးစပ်၇ာ ..ကျင်လည်၇ာ ပတ်ဝန်းကျင် အလိုက် ..အခြေအနေနဲ့  အချိန်အခါ ကို လိုက်ပြီး လူတစ်ဦးချင်းစီ၇ဲ့ စ၇ိုက် ၀ါသနာ အထူးသဖြင့်စိတ်ဓာတ်..ခံယူချက်တွေဟာမတူကွဲပြားသွားကြပြီး.အဲဒီခြားနားသွားတဲ့စိတ်ဓာတ်ခံယူချက်..ဆုံးဖြတ်ချက် တွေကြောင့်လည်း ..လူတစ်ဦးချင်းစီ၇ဲ့ဘ၀ အောင်မြင်မူ၊မအောင်မြင်မူ နဲ့ နေပုံထိုင်ပုံ အကျင့်စ၇ိုက် အဆင့်အတန်းတွေဟာ မတူကွဲပြားသွားကြ၇တယ်
ဒီနေ၇ာမှာ ..အဓိက အကျဆုံးကတော့ မိမိကိုယ်တိုင်ပါဘဲ သူငယ်ချင်း အပေါင်းအသင်းကောင်း ၇ှိတယ်ထားဦး..လမ်းမှန်ေ၇ာက်အောင်ပြုပြင်ပေးသူ.အတတ်ပညာသင်ကြားပေးသူဆ၇ာကောင်း၇ှိသည.်.ထားဦး ၊မွေးဖွားသည်မှ စပြီး ၇င်အုပ်မကွာ .၇ှာဖွေကျွေးမွေး ..စောင့်ေ၇ှာက် ပေးသည့် ..ကျေးဇူးကြီးလှ ..အမိအဖ ၇ှိသည်ထားဦး ၊ ကာယကံ၇ှင် ..မိမိကိုယ်တိုင်က ..၇သည့်အခွင့်အေ၇း အသုံးမချတတ်၇င် ..လိုချင်တပ်မက် တန်ဖိုးထားမူမ၇ှိ၇င် ..ငယ်စဉ်က မသိခဲ့သော နောင်တ”…သိပင်သိငြားသော်လည်း ..ထဲထဲဝင်ဝင် အကျွမ်းတ၀င်မ၇ှိ ခဲ့ဘူးသော နောင်တ ..အ၀ိဇ္ဖာ အမှောင်လွှမ်း၍ အကန်းဖြစ်နေချိန် ..မှိန်နေခဲ့သော နောင်တ ဤ သို့သော ..လောကီ နောင်တ နှင့် လောကုတ္တ၇ာ နောင်တ ..(၂) မျိုးမှာ ..လောကီနောင်တသည် လက်၇ှိ တစ်ဘ၀သာ ယူကျူံး မ၇ ဖြစ်၍ ခံစား၇မည်သို့ပေတဲ့..တစ်နည်းနှင့် မအောင်မြင်ဆုံး၇ူံး ၍ နောင်တ ၇သော် ..ထိုအတွေ့အကြုံ ကို နမူနာ သင်္ခန်းစာ ယူ၍ ..နောက်တစ်နည်းနှင့်အောင်မြင်အောင် ကြိုးစား၍ ၇နိင်ပါသေးသည်။ လူသည် အသက်၇ှင်နေသေ၇ွ့ မျှော်လင့် ခြင်းတို့ ၇ှင်သန် နေနိင်သေးသည် မဟုတ်ပါလား …….
လူ့လောကထဲ ကို တိုးဝင်ပြီး လူအချင်းချင်း ဆက်ဆံကြ၇ာမှာ .ဧကန်မုချ တွေ့ကြုံ ကြ၇မှာကတော့ လောကဓံ တ၇ား (၈)ပါး ပါဘဲ .ချိုမြိန်တဲ့ အတွေ့အကြူံတွေ့ကို တွေ့ကြုံကြ၇မှာဖြစ်သလို ၊ မ လိုချင် မ၇ချင် ..မတွေ့ကြုံချင် လို့ေ၇ှာင်လွှဲလို့မ၇တဲ့ ခါးသီး သော လောကဓံတ၇ားတွေကိုလည်း ၇င်ဆိုင်ကြ၇မှာပါဘဲ ချိုမြိန်တဲ့ လော ကဓံ တ၇ားကို ဘယ်သူမဆို ၇ဲ၇ဲ ၀ံ့ဝံ့ ၇င်ဆိုင်ချင် တွေ့ကြုံချင်ကြသလိုပါဘဲ ခါးသည်းတဲ့ ..ကြမ်းတမ်းတဲ့ ..စက်ဆုပ်ဖွယ် ကောင်းတဲ့လောကဓံ တ၇ားအဆိုးများကိုလည်း ..၇ဲဝံ့စွာ၇င်ဆိုင် ၇ဲဘို့ လိုအပ်ပါတယ် ..များသောအားဖြင့် စိတ်ဓာတ်မ၇င့်ကျက် မခိုင်မာသူ ၊ဇွဲ (perseverance ) သတ္တိနည်း သူတွေဟာ လောကဓံ အဆိုးနဲ့တွေ့ကြ၇င် ဖြင့် အလွယ်တကူ သော်လည်းကောင်း ၊ ဆင်ခြေတစ်မျိုးမျိုးနဲ့သော်လည်းကောင်း ၊ နောက် လှည့်ပြန်ပြေးတတ်ကြ အ၇ှုံးပေးတတ်ကြပါတယ် ။ စိတ်ဓာတ် မ၇င့်ကျက်သူ ဆိုတဲ့ ဝေါဟာ၇ကို လူသက်ထက် စိတ်သက် နုသူကို ဆိုလို၇င်ပိုမှန်မယ် လို့ထင်ပါတယ် ။ တစ်ချို့များကြတော့ လူ့အသက် (လက်၇ှိအသက်) အ၇ွယ်ငယ်သော်လည်း အ၇ွယ်နှင့်မမျှအောင် ဘ၀အတွေ့အကြုံ (လောကဓံတ၇ား) အဆိုးအကောင်းမျိုးစုံ -၇သစုံ ၇င်ဆိုင်ခဲ့ကြ၇ပြီး စိတ်ဓာတ် တည်ငြိမ်၇င့်ကျက် လို့ ထိုသူမျိုးကို စိတ်သက်ကြီး သူ လို့ ခေါ်နိင်ပါတယ် တစ်ချို့ကျတော့ ..လူသက်က ကြီးနေသော်လည်း ဘ၀မှာ အသာဖက် က အနေများခဲ့ပြိး ..ခါးသီးသော လောကကဓံတ၇ားကို မ၇ုန်းကန်ခဲ့၇ဖူးသူ အတွေ့အကြူံနုည်း သူတွေကတော့ လူသက်ကကြီးပြီး စိတ်သက် နုသူတွေပါဘဲ ..ဒီလိုလူမျိုးတွေ ဟာ လောကဓံလေပွေ တိုက်ခိုက်ခံ၇တဲ့အခါ အလွယ်တကူ လက်မြှောက်အ၇ုံးပေးပြီး ..ဘ၀ကို နောက်ပြန်လှည့် တတ်ပါတယ် ..
တကယ်တော့လည်း ဒီခါးသည်းတဲ့ ..မလိုချင်တဲ့ ..ခက်ခဲ့တဲ့ လောကဓံအဆိုးတ၇ား တွေကဘဲ ဘ၀ကို ထိပ်တန်းေ၇ာက်အောင် ..တိုးတက်အောင် ..အောင်မြင်မူပန်းတိုင်ေ၇ာက်အောင် ..တွန်းပို့ ပေးတတ်ကြပါဆိုတဲ့ အသိ၇ှိလာတဲ့အချိန်မှာ (အောင်မြင်လာတဲ့အချိန်မှာ ) ..တစ်ချိန်က ခါးသည်းတယ်ဆိုတဲ့ေ၇ှာင်လွှဲခဲ့ချင်ခဲ့တဲ့ ..မတွေ့မမြင်ချင် ..၇င်မဆိုင်ချင် ခဲ့တဲ့ ..အကြောင်းအ၇ာ တွေ က ..တစ်ဖန် ချိုမြိန်တဲ့အ၇သာ ..ပီတိ ကို ၇င်မှတဖန် တသိမ့်သိမ့် ပြန်ခံစား၇တတ်ပါတယ် စောဘွဲ့မှူး ပြောသလို ..ဒုက္ခဟာ သုခကို တိုးသိစွမ်းစေတဲ့ အ၇ာပါ ဆိုသလိုပေါ့ .အဲဒီ လောကဓံ အဆိုးကို ဖန်တီးပေးခဲ့သူ ..ပါတ်သက်ခဲ့သူတွေကို ..ကျေးဇူးတဖန် ပြန်တင်မိပြန်တယ် သြော် ဒီအကြောင်းတ၇ားကြောင့် .ဒီလူကြောင့် သူတို့တွန်းပို့လို့ ..လက်၇ှိ ဒီလို အခြေအနေကို ၇ လာ ပိုင်ဆိုင် လာ၇တာပါလား ဆိုပြီး ..ကိုယ့်ကို ပထမအဆင့် ဒုက္ခပေးခဲ့တဲ့ သူတွေကို . ကျေးဇူးပြန်တင်မိနေတယ်လေ ……
လောက မှာက ဘယ်အ၇ာမဆို ..အကောင်းဘက် က မြင်ကြည့် နားလည်တတ်၇င် ဘ၀ ဟာနေပျော်ပါတယ်လေ..ဘုန်းကြိးစကားနဲ့ပြော၇၇င်ယောနိသောမနိသိကာ၇..သင့်တင့်စွာနှလုံးသွင်းတတ် ၇င် ပေါ့လေ အင်္ဂလိပ် စကားနဲ့ဆို၇င်တော့ seeing from bright side of view ကြည့်၇င်း optimist ဖြစ်အောင် ကြီုးစား၇တာပေါ့လေ ကျင့်ဖန်များလာတော့ ..နှစ်ဦး နှစ်ဘက် ..ပြုသူ နဲ့ဖြစ်သူ နှစ်ဦးစလုံး စိတ်ချမ်းသာ၇ပါတယ် ။
TO BE CONTINUED,,
Saturday, June 4, 2011
Thar Soe - Buu Thee Nu Nu Ma Khuu Ya
ယောက်ျား၊ မိန်းမအသုံးပြုပုံ ရှင်းလင်းချက်
"ယောက်ျား" အသုံးပြုပုံရှင်းလင်းချက်(Manual)
【ပစ္စည်းအမည်】အများအားဖြင့် ယောက်ျားဟုသုံးနှုန်း၊ လူကြားသူကြားတွင် အမျိုးသားသို့မဟုတ် ခင်ပွန်းဟုသုံးနှုန်း၊ ရှေးယခင်က ကြင်ယာတော်ဟုသုံးနှုန်း
【ပါဝင်ပစ္စည်း】 ရေ၊ သွေး၊ အဆီဓါတ်နှင့် ကာဘွန်၊ ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင်ဓါတ်များပါဝင်
【စရိုက်လက္ခဏာ】ပစ္စည်းသည် သေးသွယ်သည့် အချိုတုံးသဏ္ဍာန်ရှိသည်။ သာမန်အားဖြင့် မျက်နှာပြင်အား ချိုမြိန်တီတာသောစကားများဖြင့် ဖုံးအုပ်ထားသည်။ ထိုအရာများကို ဖယ်ရှားလိုက်လျှင် အညိုဖျော့ရောင် အသားကိုတွေ့ရသည်။ မဖယ်ရှားခင်နှင့်ဖယ်ရှားပြီးမှာ အနည်းငယ် ခြားနားကြောင်းတွေ့ရမည်။ အချိန်နှင့်လိုက်၍ ပုံသဏ္ဍာန်ပြောင်းလဲတတ်သည်။ ခါးကုန်းခြင်း၊ ထိပ်ပြောင်ခြင်းသဏ္ဍာန်များ ဖြစ်ပေါ်တတ်သည်။ သို့သော် ဆက်လက်အသုံးပြုနိုင်ပါသည်။
【အသုံးဝင်ပုံ】တစ်ကိုယ်တည်းနေ အကြောက်လွန်ရောဂါ (single phobia)နှင့် မိခင်စိတ်ကြီးမားသည့်ရောဂါအတွက် အသုံးဝင်သည့်အပြင် အသည်းကွဲနှင့် စွဲလမ်းခြင်းဝေဒနာကိုလည်း သိသိသာသာ အကျိုးရှိစေသည်။
【အသုံးပြုပုံ】တစ်သက်တွင် တစ်ခုသာအသုံးပြုရန် အကြံပြုသည်။
【သတိထားရမည့်အချက်】 ဤပစ္စည်းသည် တစ်ကိုယ်ရေအမျိုးသမီးများနှင့်သာ သင့်တော်သည်။ အသုံးပြုချိန်တွင် သတိနှင့်အသုံးပြုရမည်။ ပစ္စည်းကြောင့် မျက်နှာဖုရောင်၊ အညိုအမည်းစွဲခဲ့လျင် အသုံးပြုနေရာမှ ချက်ချင်းရပ်လိုက်ပါ။ မရှိခဲ့ပါက ဆက်လက်အသုံးပြုနိုင်ပါသည်။
【အတိုင်းအတာ သတ်မှတ်ချက်】 ပစ္စည်းသည် သာမန်အားဖြင့် အလေးချိန်၆၅ကီလိုမှ ၇၅ကီလိုအတွင်း ရှိသည်။ ထိုထက်ကျော်လွန်ခဲ့သော် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။
【တားမြစ်ချက်】မည့်သည့်အချိန်အခါတွင်ဖြစ်စေ "အသုံးမကျ"ဟု မပြောရ။
【သိုလှောင်ထားမည့်နေရာ】သာမန်အပူချိန်အောက်တွင် ထားနိုင်သည်။ အိမ်တွင်း လေရသောနေရာသည် အကောင်းဆုံးဖြစ်သည်။ အိမ်အပြင်တွင်ဖြစ်ပါက အမျိုးသမီးများသည့်နေရာတွင် မထားရန်နှင့် ညအိပ်ညနေ မထားခဲ့ရန် သတိပြုရမည်။
【အထုပ်အပိုး】အနောက်တိုင်း၊ အရှေ့တိုင်းဝတ်စုံများကို ရာသီဥတုနှင့်လိုက်ပြီး ပြောင်းလဲနိုင်သည်။
【ဒိတ်လွန်နေ့စွဲ】စိတ်ချမ်းမြေ့ပျော်ရွှင်ခြင်း အတိုင်းအတာနှင့်လိုက်ပြီး တစ်သက်တာဖြစ်နိုင်သလို အတိုဆုံးမှာ တစ်ရက်၊ တစ်လလည်းဖြစ်နိုင်သည်။
【အတည်ပြုအမှတ်】အတည်ပြုအမှတ်ကို အတွင်းစာသား လက်ထပ်လက်စွပ်ရှင်းလင်းချက်တွင် ဖတ်နိုင်သည်။
【ထုတ်လုပ်သည့်နေရာ】မိခင်ဝမ်းဗိုက်မှ အရပ်လက်သည် သို့မဟုတ် ပြည်သူ့ဆေးရုံ
【အထူးအသိပေးချက်】အချစ်ကြီး၊ ခံစားချက်ကြီးသော အမျိုးသမီးများ သတိပြုသုံးစွဲရမည်။ သို့မဟုတ်ပါက စိတ်ရှုပ် စိတ်ညစ်၊ စိတ်ထိခိုက်ကြေကွဲနိုင်သည့် အခြေအနေများ ဖြစ်ပေါ်တတ်သည်။
"မိန်းမ" အသုံးပြုပုံရှင်းလင်းချက် (Manual)
【ပစ္စည်းအမည်】အများအားဖြင့် မိန်းမဟုသုံးနှုန်း၊ လူကြားသူကြားတွင် ဇနီးမယား သို့မဟုတ် အမျိုးသမီးဟုသုံးနှုန်း၊ ရှေးယခင်က ကြင်ယာတော်ဟုသုံးနှုန်း
【ပါဝင်ပစ္စည်း】 ရေ၊ သွေး၊ အဆီဓါတ်နှင့် ကာဘွန်၊ ဟိုက်ဒရိုဂျင်နှင့် အောက်စီဂျင်ဓါတ်များပါဝင်
【စရိုက်လက္ခဏာ】ပစ္စည်းသည် သေးသွယ်သည့် အချိုတုံးသဏ္ဍာန်ရှိသည်။ သာမန်အားဖြင့် မျက်နှာပြင်အား မိတ်ကပ်၊ နှုတ်ခမ်းနီစသောအရာများဖြင့် ဖုံးအုပ်ထားသည်။ ထိုအရာများကို ဖယ်ရှားလိုက်လျှင် အဝါဖျော့ရောင် အသားကိုတွေ့ရသည်။ မဖယ်ရှားခင်နှင့် ဖယ်ရှားပြီးမှာ အနည်းငယ်ခြားနားကြောင်း တွေ့ရမည်။ အချိန်နှင့်လိုက်၍ ပုံသဏ္ဍာန်ပြောင်းလဲတတ်သည်။ ဝခြင်း၊ အသားအရေတွန့်ခြင်း သဏ္ဍာန်များဖြစ်ပေါ်တတ်သည်။ သို့သော် ဆက်လက်အသုံးပြုနိုင်ပါသည်။
【အသုံးဝင်ပုံ】တစ်ကိုယ်တည်းနေ အကြောက်လွန်ရောဂါ (single phobia)နှင့် မျိုးဆက်ပြန့်ပွားသည့်ရောဂါအတွက် အသုံးဝင်သည့်အပြင် အသည်းကွဲနှင့် စွဲလမ်းခြင်းဝေဒနာကိုလည်း သိသိသာသာ အကျိုးရှိစေသည်။
【အသုံးပြုပုံ】အတွင်းစိတ်၊ အပြင်စိတ်နှင့် တစ်သက်တွင် တစ်ခုသာအသုံးပြုရမည်။ အကျိုးမထိရောက်ပါက အသုံးပြုနေရာမှ ခေတ္တရပ်နားပြီး တတ်သိနားလည်သော အိမ်ထောင်ရေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်သင့်သည်။ သို့မဟုတ် အချိန်ကာလ တအောင့်နေပြီးမှ ပြန်လည်အသုံးပြုနိုင်သည်။
【သတိထားရမည့်အချက်】ပစ္စည်းသည် တစ်ကိုယ်ရေအမျိုးသားများနှင့်သာ သင့်တော်သည်။ အသုံးပြုချိန်တွင် သတိနှင့်အသုံးပြုရမည်။ ပစ္စည်းကြောင့် ဘေးဖြစ်မည့်အခြေအနေသို့ရောက်ခဲ့သော် အသုံးပြုနေရာမှ ချက်ချင်းရပ်လိုက်ပါ။ မရှိခဲ့ပါက ဆက်လက်အသုံးပြုနိုင်ပါသည်။ အရက်ဆေးလိပ်မသောက်ဘဲ အသုံးပြုပါက ပိုအကျိုးထိရောက်စေသည်။
【အတိုင်းအတာ သတ်မှတ်ချက်】 ဤအရာသည် သာမန်အားဖြင့် အလေးချိန် ၄၅ကီလိုမှ ၅၅ကီလိုအတွင်း ရှိသည်။ အခြေအနေအရ ပြောင်းလဲမှုရှိသည်။
【တားမြစ်ချက်】မည့်သည့်အချိန်အခါတွင်ဖြစ်စေ "အသုံးမဝင်"ဟု မပြောရ။
【သိုလှောင်ထားမည့်နေရာ】သာမန်အပူချိန်အောက်တွင် ထားနိုင်သည်။ အိမ်တွင်းအေးမြသောနေရာသည် အကောင်းဆုံးဖြစ်သည်။ အိမ်အပြင်တွင်ဖြစ်ပါက ပြင်းထန်သောနေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ရမည်။ ထားချင်သည့်နေရာတွင်ထားပြီး မေ့လျော့၊ ဂရုမစိုက်ခြင်းမပြုရန် အထူးတားမြစ်သည်။
【အထုပ်အပိုး】ခေတ်ပေါ်အဝတ်အစားများကို ရာသီဥတုနှင့်လိုက်ပြီး ပြောင်းလဲနိုင်သည်။
【ဒိတ်လွန်နေ့စွဲ】စိတ်ချမ်းသာပျော်ရွှင်ခြင်း အတိုင်းအတာနှင့်လိုက်ပြီး တစ်သက်တာဖြစ်နိုင်သလို အတိုဆုံးမှာ တစ်ရက်၊ တစ်လလည်းဖြစ်နိုင်သည်။
【အတည်ပြုအမှတ်】အတည်ပြုအမှတ်ကို အတွင်းစာသား လက်ထပ်စာချုပ်ရှင်းလင်းချက်တွင် ဖတ်နိုင်သည်။
【ထုတ်လုပ်သည့်နေရာ】ယောက္ခထီး ယောက္ခမ
【အထူးအသိပေးချက်】
(၁) အိမ်ထောင်မကျသေးသောအမျိုးသားများ အသုံးမပြုခင် အသုံးပြုပုံရှင်းလင်းချက်ကို သေသေချာချာဖတ်ပြီး ရှင်းလင်းချက်အတိုင်း လိုက်နာအသုံးပြုရမည်။ သို့မဟုတ် အိမ်ထောင်ရေးပညာရှင်တို့ လမ်းညွှန်သည့်အတိုင်း လိုက်နာအသုံးပြုရမည်။
(၂) ဤပစ္စည်းနှင့် မတည့်သူများ၊ အလာဂျီဖြစ်တတ်သူများ သုံးစွဲရန်မသင့်ပါ။
(၃) အလားတူပစ္စည်းမျိုး လက်ရှိအသုံးပြုနေသူများ ဤပစ္စည်းနှင့်တပြိုင်တည်း အသုံးမပြုရန် အထူးတားမြစ်သည်။
(၄) ဤပစ္စည်းသည် ဆရာဝန်ဆေးစာမပါဘဲ အလွတ်ဝယ်၍ရသော ပစ္စည်းဖြစ်လျှင်ကစ မှတ်ပုံတင်ပြီးမှ ဝယ်ယူရသည့်အပြင် မဝယ်ယူခင် လိုအပ်သော စာရွက်စာတမ်းများလည်း လိုအပ်သည်။
(၅) ဤပစ္စည်းအား ကလေးသူငယ် အသက်အရွယ်မပြည့်သူများ ထိတွေ့နိုင်သည့်နေရာတွင် မထားပါနှင့်။
မူရင်း-- http://tieba.baidu.com/f?kz=39108473
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Wednesday, June 1, 2011
shwezinu: ခင်ခင်ထူး ၏ အေးအိုး
shwezinu: ခင်ခင်ထူး ၏ အေးအိုး
မိုဘိုင်းဖုန်းကြောင့် ကင်ဆာရောဂါဖြစ်နိုင်ဟု WHO ပြောကြား
မိုဘိုင်းဖုန်း အသုံးပြုသူများ အနေဖြင့် ဦးနှောက် ကင်ဆာရောဂါ ဖြစ်ပွားရန် အလားအလာ ပိုရှိနေသည်ဟု WHO ပညာရှင်များက ထုတ်ဖော် ပြောဆိုလိုက်သည်။ စာရေးပို့ခြင်းနှင့် လက်ကိုင်မပြောပဲ နားကျပ်ဖြင့် ပြောဆိုခြင်းမှာ ဖြစ်နိုင်ချေကို ပိုမို လျော့နည်း
သက်သာစေနိုင်သည်ဟု လည်းဆို၏။
ဤကဲ့သို့သော ကိရိယာပစ္စည်းများက ထုတ်လွှင့်သည့် ရေဒီယိုလှိုင်း လျှပ်စစ်သံလိုက် စက်ကွင်းများမှာ “ကင်ဆာဖြစ်စေနိုင်” သည်ဟု ပြင်သစ်နိုင်ငံ၊ လိုင်ယွန်မြို့တွင် ရှစ်ရက်ကြာ ကျင်းပပြုလုပ်သည့် နိုင်ငံတကာ ကင်ဆာသုတေသနအေဂျင်စီ IARC က ကြေညာခဲ့သည်။
“ကူးစက်ရောဂါ လေ့လာရေး ရလဒ်များအရ လူသားအပေါ် သက်ရောက်မှု ရှိနေခြင်းကြောင့် ဤသို့ သတ်မှတ်ရခြင်းဖြစ်သည်” ဟု ကျွမ်းကျင်သူများကဆိုသည်။ ဦးနှောက်အကျိတ် ကင်ဆာဖြစ်သည့် ဂလီယိုးမား glioma ရောဂါ အရေအတွက် တိုးပွားလာမှုအပေါ် ထောက်ပြကြကြောင်းကို လေ့လာရေးအဖွဲ့ ခေါင်းဆောင် ဂျွန်နက်သန်ဆမတ်က ရှင်းပြခဲ့သည်။
ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း လေ့လာမှု ၂ ခု အရ “ဆဲလ်ဖုန်းများကို အများဆုံး အသုံးပြုခဲ့ကြသည့် သူများတွင်” ရောဂါ အဖြစ်အများဆုံး တွေ့ရှိရခြင်းပင်ဖြစ်ကြောင်း သတင်းညီလာခံတွင် သူက ပြောကြားခဲ့သည်။
သုတေသန လေ့လာမှုတွင် ပါဝင်သူအချို့က တစ်ရက်လျှင် မိနစ် ၃၀ ခန့်မျှ ဆဲလ်ဖုန်းကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ကြသူများဖြစ်သည်။
“ဆဲလ်ဖုန်းကို အကြာကြီး တစ်သက်လုံး သုံးနေတဲ့ လူတွေအတွက် ဘယ်လိုဖြစ်လာမလဲ ဆိုတာတော့ ကျနော်တို့ မသိနိုင်သေးပါဘူး။” စမတ်က ဆိုသည်။
တကမ္ဘာလုံးတွင် ဆဲလ်ဖုန်းအရေအတွက် သန်း ၅ ထောင်မှာ မှတ်ပုံတင်ထားပါသည်။ များမကြာမီနှစ်များအတွက် ဖုန်းအသုံးပြုများနှင့် ဖုန်းစကားပြော ကြာချိန်တို့မှာ မြင့်တက်လာခဲ့သည်။
ဤလေ့လာချက်မှာ ဖြစ်နိုင်ချေကိုသာ ခန့်မှန်းထားခြင်းဖြစ်ပြီး ကြိုးမဲ့ ကိရိယာများနှင့် ကင်ဆာရောဂါ ဆက်နွယ်မှုမှာ သက်သေမပြရသေးကြောင်း IARC က သတိပေး ပြောကြားခဲ့သည်။
မောက္ခ ကျန်းမာရေးသတင်း